မြန်မာပိုင်နက်ထဲ တရားမဝင် ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ၆ ယောက်ကို သမ္မတအမိန့်နဲ့ ပြည်နှင်နယ်ပေး

0
307

မြန်မာ့ရေပိုင်နက်အတွင်းမှာ တရားမဝင် ငါးခိုးဖမ်းတာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ဦးကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြစ်ဒဏ်က လွှတ်ပေးပြီး ပြည်နှယ်ဒဏ် ပေးလိုက်ပါတယ်။

Bangladesh

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင် အထူးသံတမန်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ဘင်္ဂါလီအရေးဆွေးနွေးချိန်မှာ ခုလို ပြည်နှင်ဒဏ်ပေးလိုက်တာပါ။

အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ဦးဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့န်၊ အုန်းကျွန်းကျေးရွာက ရွာသားတွေဖြစ်ပြီး မြန်မာနိုင်ငံရေပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်ငါးဖမ်းခဲ့ကြတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားခြောက်ယောက်ကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထောင်ဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)