Victoria အမႈကို အေၾကာင္းျပၿပီး အလွဴေငြေကာက္ခံမႈ အေရးယူမယ္

0
64

ေနျပည္ေတာ္ရွိ ပုဂၢလိကေက်ာင္းသူ မဖြယ္မရာ ျပဳက်င့္ခံရမႈျဖစ္တဲ့ Victoria အမႈကို အေၾကာင္းျပၿပီး အလွဴေငြေကာက္ခံမႈကို ႐ိုးသားမႈ မရွိခဲ့ရင္ စိစစ္အေရးယူမယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္လိုက္ပါတယ္။

Victoria အတြက္ အလႉခံတယ္လို႔ အေၾကာင္းျပၿပီး Bank Account ဖြင့္ တရားမဝင္ အလႉခံေနမႈေတြ ရွိေနၿပီး အဲ့ဒီ အလွဴခံမႈေတြဟာ ႐ိုးသားမႈ မရွိခဲ့ရင္ စိစစ္အေရးယူမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ အမႈနဲ႔ ပတ္သက္လို႔  ေဆးစာျပန္ၾကားခ်က္၊ CCTV မွတ္တမ္း၊ ဓာတုေဗဒဆိုင္ရာ စစ္ေဆးေတြ႔ရွိခ်က္၊ ေမးျမန္း စစ္ေဆးထားသူေတြရဲ႕ သက္ေသခံ ထြက္ဆိုခ်က္ေတြ အပါအဝင္ အျခားအျခားေသာ အေထာက္အထားေတြနဲ႔ ခ႐ိုင္ဥပေဒ႐ုံးရဲ႕ အႀကံျပဳခ်က္နဲ႔အညီ တရား႐ုံးကို အမႈစြဲတင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

Victoria အမှုကို အကြောင်းပြပြီး အလှူငွေကောက်ခံမှုကို အရေးယူမယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်


နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းသူ မဖွယ်မရာ ပြုကျင့်ခံရမှုဖြစ်တဲ့ Victoria အမှုကို အကြောင်းပြပြီး အလှူငွေကောက်ခံမှုကို ရိုးသားမှု မရှိခဲ့ရင် စိစစ်အရေးယူမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။


Victoria အတွက် အလှူခံတယ်လို့ အကြောင်းပြပြီး Bank Account ဖွင့် တရားမဝင် အလှူခံနေမှုတွေ ရှိနေပြီး အဲ့ဒီ အလှူခံမှုတွေဟာ ရိုးသားမှု မရှိခဲ့ရင် စိစစ်အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် အမှုနဲ့ ပတ်သက်လို့ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓာတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်း စစ်ဆေးထားသူတွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေ အပါအဝင် အခြားအခြားသော အထောက်အထားတွေနဲ့ ခရိုင်ဥပဒေရုံးရဲ့ အကြံပြုချက်နဲ့အညီ တရားရုံးကို အမှုစွဲတင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။