ကိုရဲလြင္ (မဇၥၽိမလိႈင္း) ကြယ္လြန္ျခင္း ၁ ႏွစ္ျပည့္ အခမ္းအနား က်င္းပ

0
36

လြတ္လပ္ ၿငိမ္းခ်မ္း ပန္းရဲ႕လမ္း ဂီတ အဖြဲ႔က ေတးေရး၊ ေတးဆို ကိုရဲလြင္ (မဇၥၽိမလႈိင္း) ကြယ္လြန္ျခင္း ၁ ႏွစ္ျပည့္ အခမ္းအနားကို ဇူလိုင္လ ၁၀ ရက္ေန႔က ရန္ကုန္ၿမိဳ႔ရွိ ေတာ္ဝင္ႏွင္းဆီခန္းမမွာ က်င္းပျပဳလုပ္ခ့ဲပါတယ္။ 

ျပည့္သူ႔ၿငိမ္းခ်မ္းေရးသမားႀကီး ကိုရဲလြင္ (မဇၥၽိမလႈိင္း) ကြယ္လြန္ျခင္း ၁ ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားကို ဒီေန႔မွာ ပန္းရဲ႕လမ္းအဖြဲ႔က ေတာ္ဝင္ႏွင္းဆီခန္းမမွာ က်င္းပသလို ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ ၃ လမ္း၊ ၾကက္ေတာင္႐ံုနဲ႔ Yangon Book Plaza မွာလည္း တၿပိဳင္တည္း ျပဳလုပ္ခ့ဲပါတယ္။ 

ကိုရဲလြင္ (မဇၥၽိမလႈိင္း) ဟာ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၁၀ ရက္ေန႔၊ ညေန ၄ နာရီ ၁၀ မိနစ္မွာ ရန္ကုန္ၿမိဳ႕၊ စိန္ဂြၽန္းရွိ ကုတင္ ၅၀၀ ေဆး႐ုံ အသည္းကုသေဆာင္မွာ ေဆးကုသမႈခံယူရင္း ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။ ပန္းရဲ႕လမ္းအဖြဲ႔ဟာ ၿမိဳ႕ႀကီးေတြမွာ လွည့္လည္ကာ၊ ေတးသီခ်င္းေတြ ေဖ်ာ္ေျဖျခင္းျဖင့္ ရန္ပုံေငြရွာေဖြၿပီး ၿငိမ္းခ်မ္းေရးနဲ႔ ပညာေရးတို႔ အတြက္ ကူညီေနတဲ့ အဖြဲ႔အစည္းျဖစ္ကာ ကိုရဲလြင္ (မဇၥၽိမလႈိင္း) က ၂၀၁၂ ခုႏွစ္မွာ စတင္ ဦးေဆာင္ ဖြဲ႔စည္းခဲ့တဲ့ အဖြဲ႔တစ္ဖြဲ႔ ျဖစ္ပါတယ္။

<<<<<>>>>>>>>>>>>>>>>>>>>>>>

လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတ အဖွဲ့က တေးရေး၊ တေးဆို ကိုရဲလွင် (မဇ္ဈိမလှိုင်း) ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြည့်သူ့ငြိမ်းချမ်းရေးသမားကြီး ကိုရဲလွင် (မဇ္ဈိမလှိုင်း) ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့မှာ ပန်းရဲ့လမ်းအဖွဲ့က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပသလို ရန်ကုန်မြို့၊ လမ်းမတော် ၃ လမ်း၊ ကြက်တောင်ရုံနဲ့ Yangon Book Plaza မှာလည်း တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။

ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်မှာ ရန်ကုန်မြို့၊ စိန်ဂျွန်းရှိ ကုတင် ၅၀ဝ ဆေးရုံ အသည်းကုသဆောင်မှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ပန်းရဲ့လမ်းအဖွဲ့ဟာ မြို့ကြီးတွေမှာ လှည့်လည်ကာ၊ တေးသီချင်းတွေ ဖျော်ဖြေခြင်းဖြင့် ရန်ပုံငွေရှာဖွေပြီး ငြိမ်းချမ်းရေးနဲ့ ပညာရေးတို့ အတွက် ကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ကာ ကိုရဲလွင် (မဇ္ဈိမလှိုင်း) က ၂၀၁၂ ခုနှစ်မှာ စတင် ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။