မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး ေက်ာင္းတိုင္းလိုလိုမွာ အသိပညာေပးမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္သင့္

0
45

ေက်ာင္းသားအမ်ားစုက ေကာ္႐ႈတဲ့အေၾကာင္းနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြ ေမးျမန္းတာ ပိုမ်ားလာတာေၾကာင့္ ေက်ာင္းတိုင္းလိုလို အသိပညာေပးမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္သင့္တယ္လို႔ မူးယစ္ေဆးသံုးသူမ်ား ျပန္လည္ထူေထာင္ေရးအသင္း(ျမန္မာ)က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

ေက်ာင္းသားအေျချပဳတဲ့ အသိပညာေပးလုပ္ငန္းေတြ မလုပ္ဘဲေနတဲ့ ေက်ာင္းအခ်ိဳ႕မွာ ပတ္၀န္းက်င္ကေန မူးယစ္ေဆးဝါးကို နည္းလမ္းေပါင္းစုံနဲ႔ ဆြယ္ေနတာေၾကာင့္ ျပန္ၾကားေရးနဲ႔ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး ျပည္သူ႔စကား၀ိုင္းေတြ လုပ္ေဆာင္ေနတာပါ။ 

ဒါ့အျပင္ ေက်ာင္းေတြမွာ မူးယစ္ေဆး၀ါးနဲ႔ပတ္သက္ၿပီး အသိပညာေပးေဟာေျပာပြဲေတြ ျပဳလုပ္တဲ့အခါ ေက်ာင္းသားေတြထဲက ေကာ္႐ႈတာနဲ႔ ပတ္သက္တဲ့ေမးခြန္းေတြကို ေတာ္ေတာ္မ်ားမ်ားေျဖေနရတာေၾကာင့္ ေက်ာင္းတိုင္းလိုလို က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္ရြက္သင့္တယ္လို႔ ေျပာပါတယ္။

Soundbite ;ဦးစံရွိန္(ဥကၠ႒)

မူးယစ္ေဆးသံုးသူမ်ားျပန္လည္ထူေထာင္ေရးအသင္း(ျမန္မာ)

ဒါ့အျပင္ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့ အသိပညာကို ေက်ာင္းသားေတြသိရွိဖို႔ လိုအပ္တယ္လို႔ ေျပာရတာဟာ ဒီကေန႔ေက်ာင္းသားေတြသံုးေနတဲ့ မွင္ျဖတ္ပင္ေတြကို တလြဲသံုးေနတာ ျမင္ေနရတဲ့အတြက္ အင္မတန္ ရင္ေလးစရာ ေကာင္းတယ္လို႔လည္းေျပာပါတယ္။

Soundbite ;ဦးစံရွိန္(ဥကၠ႒)

မူးယစ္ေဆးသံုးသူမ်ားျပန္လည္ထူေထာင္ေရးအသင္း(ျမန္မာ)

အခုလိုေက်ာင္းအေျချပဳ ေဟာေျပာပြဲေတြ မ်ားမ်ားျပဳလုပ္ေပးမယ္ဆိုရင္ ေက်ာင္းသားေတြအေနနဲ႔လည္း အသိ၊ သတိရွိလာမွဘဲ ဆင္ေျခတံုတရားကို ဖန္တီးတည္ေဆာက္နိုင္မွာျဖစ္တာေၾကာင့္ ျပည္သူေတြလည္း ပူးေပါင္းပါ၀င္ဖို႔လိုပါတယ္။

အဲဒါေၾကာင့္ ေက်ာင္းသားအေျချပဳ မူးယစ္ေဆး၀ါးအသိပညာေပး လုပ္ငန္းကိုအေၾကာင္း ျပဳၿပီး အျပည္ျပည္ဆိုင္ရာမူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးေန႔ အခမ္းအနားမတိုင္ခင္ စာစီစာကံုး၊ ကဗ်ာရြတ္ၿပိဳင္ပြဲေတြအျပင္ ပန္းခ်ီၿပိဳင္ပြဲေတြကို က်င္းပတာဟာ မူးယစ္ေဆး၀ါးအႏၱရာယ္ကို ေက်ာင္းသားလူငယ္ေတြ သိရွိႏိုင္ဖို႔ျဖစ္တယ္လို႔လည္း ေျပာပါတယ္ရွင္။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျောင်းတိုင်းလိုလိုမှာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်


ကျောင်းသားအများစုက ကော်ရှုတဲ့အကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းတာ ပိုများလာတာကြောင့် ကျောင်းတိုင်းလိုလို အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ မူးယစ်ဆေးသုံးသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။


ကျောင်းသားအခြေပြုတဲ့ အသိပညာပေးလုပ်ငန်းတွေ မလုပ်ဘဲနေတဲ့ ကျောင်းအချို့မှာ ပတ်ဝန်းကျင်ကနေ မူးယစ်ဆေးဝါးကို နည်းလမ်းပေါင်းစုံနဲ့ ဆွယ်နေတာကြောင့် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့စကားဝိုင်းတွေ လုပ်ဆောင်နေတာပါ။


ဒါ့အပြင် ကျောင်းတွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်တဲ့အခါ ကျောင်းသားတွေထဲက ကော်ရှုတာနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို တော်တော်များများဖြေနေရတာကြောင့် ကျောင်းတိုင်းလိုလို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။


Soundbite ;ဦးစံရှိန်(ဥက္ကဋ္ဌ)
မူးယစ်ဆေးသုံးသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)


ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာကို ကျောင်းသားတွေသိရှိဖို့ လိုအပ်တယ်လို့ ပြောရတာဟာ ဒီကနေ့ကျောင်းသားတွေသုံးနေတဲ့ မှင်ဖြတ်ပင်တွေကို တလွဲသုံးနေတာ မြင်နေရတဲ့အတွက် အင်မတန် ရင်လေးစရာ ကောင်းတယ်လို့လည်းပြောပါတယ်။


Soundbite ;ဦးစံရှိန်(ဥက္ကဋ္ဌ)
မူးယစ်ဆေးသုံးသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)


အခုလိုကျောင်းအခြေပြု ဟောပြောပွဲတွေ များများပြုလုပ်ပေးမယ်ဆိုရင် ကျောင်းသားတွေအနေနဲ့လည်း အသိ၊ သတိရှိလာမှဘဲ ဆင်ခြေတုံတရားကို ဖန်တီးတည်ဆောက်နိုင်မှာဖြစ်တာကြောင့် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့လိုပါတယ်။


အဲဒါကြောင့် ကျောင်းသားအခြေပြု မူးယစ်ဆေးဝါးအသိပညာပေး လုပ်ငန်းကိုအကြောင်း ပြုပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမတိုင်ခင် စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲတွေအပြင် ပန်းချီပြိုင်ပွဲတွေကို ကျင်းပတာဟာ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းသားလူငယ်တွေ သိရှိနိုင်ဖို့ဖြစ်တယ်လို့လည်း ပြောပါတယ်ရှင်။