တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ကျောင်းသားတွေ ဘာသာရပ် မှန်ကန်စွာ ရွေးချယ်နိုင်ဖို့လို

0
42








တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ကျောင်းသားတွေ ဘာသာရပ်ကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့လို


တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကျောင်းသားလူငယ်တွေ ကိုယ်ကြိုက်နှစ်သတ်တဲ့ ဘာသာရပ်တွေ ကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့အတွက် ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။


“ပညာရေးနဲ့ အနာဂတ်အခွင့်အလမ်း” ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ဇူလိုင်လ ၆ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာပြုလုပ်ခဲ့ပါတယ်။


ဟောပြောပွဲ ပြုလုပ်ရတာဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ထားတဲ့ ကျောင်းသားလူငယ်တွေ အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။


Soundbite – ဆရာ ဇော်ဝေစိုး (ပါမောက္ခချုပ်) ( ဆေးတက္ကသိုလ် ၁)


အစိုးရက ဦးဆောင်ပြီး ပညာရေးအခန်းကဏ္ဏကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေတဲ့ အခုချိန်မှာ မိမိတက်ရောက်ချင်တဲ့ တက္ကသိုလ်တွေကိုလဲ ကျောင်းသားတွေကိုယ်တိုင် ရွေးချယ်တက်ရောက်နိုင်ပြီ ဖြစ်တဲ့အတွက် ဝါသနာပါရာ ဘာသာရပ်ကို မှန်ကန်စွာရွေးချယ်ဖို့လိုအပ်နေတာပါ။


Soundbite – ဆရာ ဇော်ဝေစိုး (ပါမောက္ခချုပ်) ( ဆေးတက္ကသိုလ် ၁)


ပြုပြင်ပြောင်းလဲလာတဲ့ ပညာရေးစနစ်အရ ပြည်တွင်းက တက္ကသိုလ်တွေအပြင် ပြည်ပက လာဖွင့်တဲ့ တက္ကသိုလ်တွေကိုပါ ရွေးချယ် တက်ရောက်နိုင်နေပြီဖြစ်ပါတယ်။