H1N1 ရာသီတုပ္ေကြးေၾကာင့္ ေသဆုံးသူ ၂၁ ဦး ရွိလာ

0
90

မိုးရာသီရဲ႕ ရာသီတုပ္ေကြးေရာဂါ A (H1N1) pdm 09 ေၾကာင့္ ဇူလိုင္လ ၁ ရက္အထိ ေသဆံုးသူ ၂၁ ဦး ရွိေနၿပီး တုပ္ေကြးေရာဂါပိုးေတြ႔တဲ့ လူနာအမ်ားစုဟာ အမ်ိဳးသားေတြျဖစ္ေၾကာင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ဗဟို ကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ (ေနျပည္ေတာ္) က ေျပာပါတယ္။

ေသဆံုးသူေတြကေတာ့ ရန္ကုန္တိုင္းေဒသႀကီးမွာ ၁၈ ဦး၊ စစ္ကိုင္းတိုင္းေဒသႀကီးမွာ ႏွစ္ဦး၊ ဧရာဝတီ တိုင္းေဒသႀကီးမွာ တစ္ဦးတို႔ ျဖစ္ပါတယ္။ ေဆး႐ုံတက္လူနာေတြအနက္ ေရာဂါစစ္ေဆးသူ ၂၃၆ ဦးမွာ A (H1N1) ရာသီတုပ္ေကြး ေရာဂါပိုးေတြ႔ရွိသူ ၉၉ ဦး၊ Influenza A/H3 ပိုး ေတြ႔ရွိသူ ရွစ္ဦးရွိပါတယ္။

ေသဆုံးလူနာ အမ်ားစုဟာ အသက္ေျခာက္လနဲ႔ တစ္ႏွစ္ေအာက္ ကေလးငယ္ေတြနဲ႔ အသက္ ၆၅ ႏွစ္အထက္ သက္ႀကီး႐ြယ္အိုေတြ၊ နာတာရွည္ေရာဂါေတြ ျဖစ္တဲ့ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ အဆုတ္၊ ေက်ာက္ကပ္နဲ႔ တျခား သက္ႀကီးေရာဂါအခံ ရွိတဲ့လူေတြနဲ႔ ကိုယ္ခံအားနည္းေနသူေတြ အမ်ားဆုံး ပါဝင္ပါတယ္။ A (H1N1) pdm 09 အတြက္ ေရာဂါကာကြယ္ေဆး ရွိေပမယ့္ ၅၀ ရာခိုင္ႏႈန္း ေအာက္သာ ကာကြယ္ႏိုင္ၿပီး ကိုယ္ခံအား ေကာင္းေကာင္းနဲ႔ တစ္ကိုယ္ေရ သန္႔ရွင္းမႈနဲ႔သာ အဓိက ကာကြယ္ရမယ္လို႔ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဗဟို ကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ (ေနျပည္ေတာ္) က ေျပာပါတယ္။

H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၂၁ ဦး ရှိလာ

မိုးရာသီရဲ့ ရာသီတုပ်ကွေးရောဂါ A (H1N1) pdm 09 ကြောင့် ဇူလိုင်လ ၁ ရက်အထိ သေဆုံးသူ ၂၁ ဦး ရှိနေပြီး တုပ်ကွေးရောဂါပိုးတွေ့တဲ့ လူနာအများစုဟာ အမျိုးသားတွေဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) က ပြောပါတယ်။

သေဆုံးသူတွေကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ နှစ်ဦး၊ ဧရာဝတီ တိုင်းဒေသကြီးမှာ တစ်ဦးတို့ ဖြစ်ပါတယ်။ ဆေးရုံတက်လူနာတွေအနက် ရောဂါစစ်ဆေးသူ ၂၃၆ ဦးမှာ A (H1N1) ရာသီတုပ်ကွေး ရောဂါပိုးတွေ့ရှိသူ ၉၉ ဦး၊ Influenza A/H3 ပိုး တွေ့ရှိသူ ရှစ်ဦးရှိပါတယ်။

သေဆုံးလူနာ အများစုဟာ အသက်ခြောက်လနဲ့ တစ်နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နဲ့ တခြား သက်ကြီးရောဂါအခံ ရှိတဲ့လူတွေနဲ့ ကိုယ်ခံအားနည်းနေသူတွေ အများဆုံး ပါဝင်ပါတယ်။ A (H1N1) pdm 09 အတွက် ရောဂါကာကွယ်ဆေး ရှိပေမယ့် ၅၀ ရာခိုင်နှုန်း အောက်သာ ကာကွယ်နိုင်ပြီး ကိုယ်ခံအား ကောင်းကောင်းနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့သာ အဓိက ကာကွယ်ရမယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) က ပြောပါတယ်။