ပြည်သူတွေ သတင်းသိပိုင်ခွင့်ကို လူငယ်တွေကြားထဲ ပိုမိုသိလာအောင် လုပ်မယ်

0
99










ပြည်သူလူထုရဲ့ သတင်း သိပိုင်ခွင့်ရပိုင်ခွင့်ဖြစ်တဲ့ Right to Information ဥပဒေနဲ့ ပတ်သက်လို့ လူငယ်တွေကြားထဲ ပိုမိုသိရှိလာအောင် ဆောင်ရွက်သွားမယ်လို့ Myanmar Institute for Democracy က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်ကပေးပို့ထားပါတယ်။

ဒီမိုကရေစီအတွက် အရေးပါတဲ့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်၊ ဌာနဆိုင်ရာတွေက သတင်းအချက် အလက်တွေကို မှန်ကုန်စွာထုတ်ပြန်ပေးရေးကိစ္စဖြစ်တဲ့ သတင်းအချက်အလက်ရပိုင်ခွင့် Right to Information ဥပဒေနဲ့ပတ်သက်လို့ လူငယ်တွေကြားထဲ ပိုမိုသိရှိလာအောင် ဆောင်ရွက်သွားမယ်လို့ Myanmar Institute for Democracy က ပြောပါတယ်။


ဇွန်လ ၂၅ရက်က ရန်ကုန်မြို့ City Hotel မှာ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေနဲပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့တာပါ။


Soundbite- ဦးရဲထွဋ် (အမှုဆောင်ဒါရိုက်တာ) Myanmar Institute for Democracy


အဲ့ဒီဥပဒေက သတင်းမီဒီယာသာမက အရပ်အဖွဲ့အစည်းနဲ့ ပြည်သူလူထုတွေရဲ့ သတင်းသိပိုင်ခွင့်ပါ သက်ဆိုင်တာဖြစ်လို့ အဖွဲ့အစည်းတွေက အမြန်ဆုံးပြဋ္ဌာန်းစေလိုတာတွေ ရှိပါတယ်။


ဒါပေမယ့် ဥပဒေကို ကျင့်သုံးရမယ့် အစိုးရပိုင်းကနေပြီး အဲ့ဒီဥပဒေထဲက အချက်အလက်အချို့ကို ပြင်ဆင်ပြီး အမြန်ဆုံးပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်ဖို့လိုအပ်တယ်လို့ မြန်မာသတင်းမီဒီယာကောင်စီက တွဲဘက်အတွင်းရေးမှူး-၁ ကပြောပါတယ်။


Soundbite- ဦးမြင့်ကျော် (တွဲဘက်အတွင်းရေးမှူး-၁) မြန်မာသတင်းမီဒီယာကောင်စီ
သတင်းအချက်အလက် သိပိုင်ခွင့်ဥပဒေကို ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေး

ဝန်ကြီးဌာနနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်း မီဒီယာနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေပေါင်းပြီး ပြုစုတာ ၂၀၁၅ ခုနှစ်မှာ မူကြမ်းပြီးစီးခဲ့ပါတယ်။


အစိုးရသစ်တက်လာပြီးနောက် ထပ်မံဆွေးနွေးမှုတွေရှိပေမယ့် လွှတ်တော်ကို တင်သွင်းတာမရှိသေးဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ် ခင်ဗျာ။