ကေလးသူငယ္အခြင့္ေရးကို ႏုိင္ငံတကာစံညႊန္းနဲ႔ညီေအာင္ ေဆာင္႐ြက္ခဲ့ေၾကာင္းေျပာ

0
297

ကေလးသူငယ္အခြင့္အေရးကို ႏိုင္​ငံတကာစံခ်ိန္​စံၫႊန္​းေတြနဲ႔အညီ အျပည့္အ၀ရရွိဖို႔ ေဆာင္ရြက္ခဲ့တာ ျဖစ္တယ္လို႔ ျပည္ေထာင္စု ၀န္ႀကီး ဦးသိန္းေဆြက ေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကုိ MCN ေနျပည္ေတာ္ သတင္းေထာက္ သူရိန္ထြနး္က ေပးပို႔ထားၿပီး ေဌးေဌးက တင္ဆက္ေပးထားပါတယ္။

ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒဟာ ကေလးသူငယ္ေတြရဲ႕ အခြင့္အေရးကို ႏိုင္​ငံတကာစံခ်ိန္​စံၫႊန္​းနဲ႔ အညီ အျပည့္အ၀ရရွိေစဖို႔ ေဆာင္ရြက္တာျဖစ္ၿပီး ႏိုင္ငံသားျဖစ္မႈကိစၥမွာေတာ့  ႏိုင္ငံသား ဥပေဒနဲ႔ ေဆာင္​ရြက္​မွာျဖစ္​တယ္​လို႔ အလုပ္​သမား၊ လူဝင္​မႈႀကီးၾကပ္​​ေရးနွင္​့ ျပည္​သူ႕အင္​အားဝန္ႀကီးဌာန ျပည္​​ေထာင္​စုဝန္​ႀကီး ဦးသိန္​း​ေဆြက​ေျပာၾကားလိုက္ပါတယ္ ။

ဇြန္လ ၂၅ ရက္ေန႔က ေနျပည္ေတာ္ သဂၤဟ ဟုိတယ္မွာ က်င္းပတဲ့  ၂၀၁၉ ခုနွစ္ ၾကားျဖတ္ လူဦးေရ သန္းေခါင္စာရင္း ေကာက္ယူေရးနဲ႔ ပတ္သက္တဲ့ အလုပ္ရံုေဆြးေႏြးပြဲမွာ ၀န္ႀကီးက အခုလုိေျပာၾကားခဲ့တာပါ။

Sound Bite    ဦးသိန္းေဆြ (ျပည္ေထာင္စု၀န္ႀကီး)

အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန 

ဒါ့အျပင္တုိင္းရင္းသားေတြရဲ႕ သြင္ျပင္လကၡဏာ၊ ရုပ္ရည္နဲ႔ႏုိင္ငံျခားသား သြင္ျပင္လကၡဏာ၊ ရုပ္ရည္နဲ႔  ပတ္သက္ၿပီး လ၀က အေနနဲ႔ ခြဲဲျခားသိေၾကာင္း၊ အဲဒါေၾကာင့္စုိးရိမ္စရာမရွိတဲ့အျပင္ ၁၉၈၂ ခုႏွစ္ ျမန္မာနို္င္ငံသား ဥပေဒ အတိုင္း လိုက္နာေဆာင္ရြက္မယ္ဆုိပါက  စုိးရိမ္စရာမရွိေၾကာငး္ ျပည္သူ႕အင္အား ဦးစီးဌာန ေခတၱညႊန္ၾကားေရးမွဴးခ်ဳပ္ ကေျပာပါတယ္ ။

Sound Bite    ဦး၀င္းေဇာ္ေအာင္  (ေခတၱညႊန္ႀကားေရးမွဴးခ်ဳပ္)

ျပည္သူ႕အင္အား ဦးစီးဌာန 

အဲဒီ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒထဲက ကေလးသူငယ္ ေမြးစားခြင့္၊ အေမြဆက္ခံခြင့္နဲ႔ ပတ္သက္တဲ့ ဥပေဒျပဌာန္းခ်က္ေတြမွာ ႏုိင္ငံသားျဖစ္ျဖစ္၊ မျဖစ္ျဖစ္ ေမြးစားခြင့္ေပးထားတဲ့ သေဘာသက္ေရာက္ေနတာေၾကာင့္ တျခားတည္ဆဲဥပေဒတခ်ဳိ႕နဲ႔ ဆန္႔က်င္ေနသလို၊ တုိင္းျပည္အတြက္ အႏၱရာယ္ျဖစ္ေစႏုိင္တယ္ဆုိၿပီး ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီက ဦးေဆာင္ ကန္႔ကြက္ေနၾကတာ ျဖစ္ပါတယ္ရွင္ ။

ကလေးသူငယ်အခွင့်အရေးကို နိုင်​ငံတကာစံချိန်​စံညွှန်​းတွေနဲ့အညီ အပြည့်အဝရရှိဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN နေပြည်တော် သတင်းထောက် သူရိန်ထွနး်က ပေးပို့ထားပြီး ဌေးဌေးက တင်ဆက်ပေးထားပါတယ်။


ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို နိုင်​ငံတကာစံချိန်​စံညွှန်​းနဲ့ အညီ အပြည့်အဝရရှိစေဖို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကိစ္စမှာတော့ နိုင်ငံသား ဥပဒေနဲ့ ဆောင်​ရွက်​မှာဖြစ်​တယ်​လို့ အလုပ်​သမား၊ လူဝင်​မှုကြီးကြပ်​​ရေးနှင်​့ ပြည်​သူ့အင်​အားဝန်ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ဦးသိန်​း​ဆွေက​ပြောကြားလိုက်ပါတယ် ။


ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးက အခုလိုပြောကြားခဲ့တာပါ။


Sound Bite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန


ဒါ့အပြင်တိုင်းရင်းသားတွေရဲ့ သွင်ပြင်လက္ခဏာ၊ ရုပ်ရည်နဲ့နိုင်ငံခြားသား သွင်ပြင်လက္ခဏာ၊ ရုပ်ရည်နဲ့ ပတ်သက်ပြီး လဝက အနေနဲ့ ခွဲခြားသိကြောင်း၊ အဲဒါကြောင့်စိုးရိမ်စရာမရှိတဲ့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိ်ုင်ငံသား ဥပဒေ အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုပါက စိုးရိမ်စရာမရှိကြောငး် ပြည်သူ့အင်အား ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ကပြောပါတယ် ။


Sound Bite ဦးဝင်းဇော်အောင် (ခေတ္တညွှန်ကြားရေးမှူးချုပ်)
ပြည်သူ့အင်အား ဦးစီးဌာန


အဲဒီ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေထဲက ကလေးသူငယ် မွေးစားခွင့်၊ အမွေဆက်ခံခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေပြဌာန်းချက်တွေမှာ နိုင်ငံသားဖြစ်ဖြစ်၊ မဖြစ်ဖြစ် မွေးစားခွင့်ပေးထားတဲ့ သဘောသက်ရောက်နေတာကြောင့် တခြားတည်ဆဲဥပဒေတချို့နဲ့ ဆန့်ကျင်နေသလို၊ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်ရှင် ။