ေရႊကုကၠိဳ စီမံကိန္းက မဲေဆာက္ရဲ႕ ဖြံ႔ၿဖိဳးမယ့္ အလားအလာကို ၿခိမ္းေျခာက္ေန

0
369

ျမဝတီၿမိဳ႕ ေရႊကုကၠိဳဧရိယမွာ ေဖာ္ေဆာင္မယ့္ စီမံကိန္းႀကီးဟာ မ်က္ႏွာခ်င္းဆိုင္ ထိုင္းႏိုင္ငံ၊ တာ့ခ္ခ႐ိုင္ရွိ မဲေဆာက္ၿမိဳ႕ရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္မႈကို ၿခိမ္းေျခာက္မယ့္ အလားအလာ ရွိေနေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းစာက သံုးသပ္လိုက္ပါတယ္။

တပ္မေတာ္နဲ႔ ၿငိမ္းခ်မ္းေရးယူၿပီး နယ္ျခားေစာင့္တပ္ (BGF) ဖြဲ႔ထားတဲ့ ေစာခ်စ္သူက ေရႊကုကၠိဳဧရိယာကို ထိန္းခ်ဳပ္ထားပါတယ္။ မဲေဆာက္ၿမိဳ႕ကေန ၂၀ ကီလိုမီတာ ေဝးတဲ့ ေရႊကုကၠိဳရွိ ၂၀၁၀ ဧကေပၚမွာ တ႐ုတ္ကုမၸဏီျဖစ္တဲ့ က်ိလင္ ယာတိုင္ ႏိုင္ငံတကာ ဦးပိုင္အဖြဲ႔က အေမရိကန္ ေဒၚလာ ၁၅ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံၿပီး ေနအိမ္အေဆာက္အအံုေတြ၊ စီးပြားေရးလုပ္ငန္းေတြ၊ ဆူပါမားကက္ေတြ၊ စက္မႈလုပ္ငန္းေတြ၊ ကာဆီႏို ေလာင္းကစား႐ံုေတြ အေကာင္အထည္ေဖာ္မွာ ျဖစ္ပါတယ္။ ကုကၠိဳ ခ်ိဳင္းနားေတာင္းကို ၂၀၂၇ ခုႏွစ္မွာ အၿပီးသတ္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ထိုင္းစီးပြားေရးသမားေတြဟာ ေရႊကုကၠိဳ စီမံကိန္းကို အနီးကပ္ ေစာင့္ၾကည့္သင့္ေၾကာင္း၊ ဒီစီမံကိန္းႀကီးဟာ မဲေဆာက္ရဲ႕ စီးပြားေရးကို ေသခ်ာေပါက္ သက္ေရာက္မႈ ရွိေစမွာ ျဖစ္ေၾကာင္း၊ လိုအပ္တဲ့ အေျပာင္းအလဲေတြကို အလွ်င္အျမန္ လုပ္ေဆာင္သင့္ေၾကာင္း တာ့ခ္ ကုန္သြယ္ေရးအဖြဲ႔ရဲ႕ အႀကံေပး မစၥတာ ဆူခ်တ္က အႀကံေပးထားပါတယ္။   

ရွှေကုက္ကို စီမံကိန်းက မဲဆောက်ရဲ့ ဖွံ့ဖြိုးမယ့် အလားအလာကို ခြိမ်းခြောက်နေ

မြဝတီမြို့ ရွှေကုက္ကိုဧရိယမှာ ဖော်ဆောင်မယ့် စီမံကိန်းကြီးဟာ မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်မယ့် အလားအလာ ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက သုံးသပ်လိုက်ပါတယ်။

တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူပြီး နယ်ခြားစောင့်တပ် (BGF) ဖွဲ့ထားတဲ့ စောချစ်သူက ရွှေကုက္ကိုဧရိယာကို ထိန်းချုပ်ထားပါတယ်။ မဲဆောက်မြို့ကနေ ၂၀ ကီလိုမီတာ ဝေးတဲ့ ရွှေကုက္ကိုရှိ ၂၀၁၀ ဧကပေါ်မှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ ကျိလင် ယာတိုင် နိုင်ငံတကာ ဦးပိုင်အဖွဲ့က အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး နေအိမ်အဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဆူပါမားကက်တွေ၊ စက်မှုလုပ်ငန်းတွေ၊ ကာဆီနို လောင်းကစားရုံတွေ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကုက္ကို ချိုင်းနားတောင်းကို ၂၀၂၇ ခုနှစ်မှာ အပြီးသတ်ဖို့ မျှော်လင့်ထားပါတယ်။

ထိုင်းစီးပွားရေးသမားတွေဟာ ရွှေကုက္ကို စီမံကိန်းကို အနီးကပ် စောင့်ကြည့်သင့်ကြောင်း၊ ဒီစီမံကိန်းကြီးဟာ မဲဆောက်ရဲ့ စီးပွားရေးကို သေချာပေါက် သက်ရောက်မှု ရှိစေမှာ ဖြစ်ကြောင်း၊ လိုအပ်တဲ့ အပြောင်းအလဲတွေကို အလျှင်အမြန် လုပ်ဆောင်သင့်ကြောင်း တာ့ခ် ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြံပေး မစ္စတာ ဆူချတ်က အကြံပေးထားပါတယ်။