ဆရာခန္႔ထားေရးအတြက္ တိက်တဲ့မူေဘာင္ခ်မွတ္ေရးေဆြးေႏြးပြဲရလဒ္ကို တင္ျပမယ္

0
121

အေျခခံပညာ ဆရာခန္႔ထားေရးနဲ႔ ပတ္သက္ၿပီး တိက်တ့ဲမူေဘာင္ခ်မွတ္ေရးကို ေဆြးေႏြးပြဲ ရလာဒ္ကေန ၀န္ႀကီးဌာနကိုတင္ျပေတာင္းဆိုသြားမွာျဖစ္တယ္လို႔ အေျခခံပညာေရး လုပ္သားမ်ားသမဂၢက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

အရင္က ပညာေရးေကာလိပ္ပထမႏွစ္တက္ေရာက္ၿပီး Certificate(အသိအမွတ္ျပဳလက္မွတ္) ရရွိတဲ့ကေလးကို မူလတန္းျပဆရာ၊ ဆရာမအျဖစ္ခန္႔ထားၿပီးေကာလိပ္ဒုတိယႏွစ္တက္ေရာက္ၿပီး Developmer ရတဲ့သူကို အလယ္တန္းျပ ဆရာအျဖစ္ခန္႔ထားခဲ့တာ အပတ္စဥ္ ၄ အထိသာရွိတယ္လို႔လည္းေျပာပါတယ္။

ပညာေရး၀န္ႀကီးဌာနက အပတ္စဥ္ ၄ အထိကိုတိက်တဲ့ စနစ္နဲ႔မူေဘာင္ခ်မွတ္ေဆာင္ရြက္ခဲ့ေပမယ့္  အပတ္စဥ္ ၅ ကေနဒီေန႔အထိ အလယ္တန္းဆရာလက္မွတ္ရၿပီးခ်ိန္မွာပင္ မူလတန္းျပအျဖစ္သာ ခန္႔အပ္ေန တာျဖစ္တာေၾကာင့္ မူေဘာင္တိတိက်က်နဲ႔ေဆာင္ရြက္ေပးဖို႔ကို ေတာင္းဆိုေနတာပဲ ျဖစ္ပါတယ္။

Soundbite ;ဦးေက်ာ္မင္းဦး (ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၀င္)p

အေျခခံပညာေရးလုပ္သားမ်ားသမဂၢ

အေျခခံပညာက႑မွာ ဆရာခန္႔ထားေရးနဲ႔ပတ္သက္ၿပီး မူေဘာင္တစ္ခုေပၚထြန္းလာဖို႔ အဲဒီမူေဘာင္ ကေန ပြင့္လင္းမႈ၊မွ်တမႈရွိတဲ့မူေဘာင္ျဖစ္ေပၚေစဖို႔ ရန္ကုန္ပညာေရးတကၠသိုလ္၊စုေ၀းခန္းမမွာ ႏွစ္ရက္ တာက်င္းပျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ အဲဒီေဆြးေႏြးပြဲမွာ အေျခခံပညာအဆင့္က ဆရာ၊ဆရာမေတြအေနနဲ႔ ေနာက္တစ္ဆင့္ရာထူး တိုးဖို႔ဆိုရင္လည္း ျပင္ပကေန၀ိဇၨာ၊သိပၸံဘြဲ႕ မရထားပါက ရာထူးတိုးကို ေလွ်ာက္ထားခြင့္မရွိတဲ့ အေျခအေနေတြနဲ႔ ရင္ဆုိင္ေနရတယ္လုိ႔ ေျပာပါတယ္ ။

Soundbite ;ေဒၚသက္ဆုလိႈင္(အထက္တန္းျပဆရာမ)

                     မႏၱေလးတိုင္းေဒသႀကီးပညာေရးေကာလိပ္နဲ႔ပတ္သက္ၿပီး  အဆင့္သတ္မွတ္ခ်က္ေတြကို ၀င္ခြင့္လမ္းညႊန္မွာပါတဲ့ အတိုင္း ေဆာင္ရြက္ထားတာ မရွိသလို အရင္က ပညာေရးေကာလိပ္ကို ပညာေရးစီမံကိန္းႏွင့္ ေလ့က်င့္ေရး ဦးစီးဌာနေအာက္ကေန  ပညာေရးေကာလိပ္ေတြကိုဖြင့္လွစ္ထားတာပဲ ျဖစ္ပါတယ္ ။ ပညာေရး၀န္ထမ္းေတြ အေနနဲ႔ လုပ္ငန္းခြင္ခန္႔ထားေရးနဲ႔ ရာထူးအတိုးအေျပာင္းကိစၥကိုစဥ္းစားတဲ့အခါေတာ့ အေျခခံပညာဦးစီးဌာန ကေန ေဆာင္ရြက္တာျဖစ္တာေၾကာင့္ ဌာနႏွစ္ခုရဲ႕ကြာျခားခ်က္ရွိေနတာလည္းျဖစ္ပါတယ္ ရွင္

အခြေခံပညာ ဆရာခန့်ထားရေးနဲ့ ပတ်သက်ပြီး တိကျတဲ့မူဘောင်ချမှတ်ရေးကို ဆွေးနွေးပွဲ ရလာဒ်ကနေ ဝန်ကြီးဌာနကိုတင်ပြတောင်းဆိုသွားမှာဖြစ်တယ်လို့ အခြေခံပညာရေး လုပ်သားများသမဂ္ဂက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။


အရင်က ပညာရေးကောလိပ်ပထမနှစ်တက်ရောက်ပြီး Certificate(အသိအမှတ်ပြုလက်မှတ်) ရရှိတဲ့ကလေးကို မူလတန်းပြဆရာ၊ ဆရာမအဖြစ်ခန့်ထားပြီးကောလိပ်ဒုတိယနှစ်တက်ရောက်ပြီး Developmer ရတဲ့သူကို အလယ်တန်းပြ ဆရာအဖြစ်ခန့်ထားခဲ့တာ အပတ်စဉ် ၄ အထိသာရှိတယ်လို့လည်းပြောပါတယ်။


ပညာရေးဝန်ကြီးဌာနက အပတ်စဉ် ၄ အထိကိုတိကျတဲ့ စနစ်နဲ့မူဘောင်ချမှတ်ဆောင်ရွက်ခဲ့ပေမယ့် အပတ်စဉ် ၅ ကနေဒီနေ့အထိ အလယ်တန်းဆရာလက်မှတ်ရပြီးချိန်မှာပင် မူလတန်းပြအဖြစ်သာ ခန့်အပ်နေ တာဖြစ်တာကြောင့် မူဘောင်တိတိကျကျနဲ့ဆောင်ရွက်ပေးဖို့ကို တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။


Soundbite ;ဦးကျော်မင်းဦး (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)p
အခြေခံပညာရေးလုပ်သားများသမဂ္ဂ


အခြေခံပညာကဏ္ဍမှာ ဆရာခန့်ထားရေးနဲ့ပတ်သက်ပြီး မူဘောင်တစ်ခုပေါ်ထွန်းလာဖို့ အဲဒီမူဘောင် ကနေ ပွင့်လင်းမှု၊မျှတမှုရှိတဲ့မူဘောင်ဖြစ်ပေါ်စေဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်၊စုဝေးခန်းမမှာ နှစ်ရက် တာကျင်းပပြုလုပ်နေတာလည်းဖြစ်ပါတယ်။


ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ အခြေခံပညာအဆင့်က ဆရာ၊ဆရာမတွေအနေနဲ့ နောက်တစ်ဆင့်ရာထူး တိုးဖို့ဆိုရင်လည်း ပြင်ပကနေဝိဇ္ဇာ၊သိပ္ပံဘွဲ့ မရထားပါက ရာထူးတိုးကို လျှောက်ထားခွင့်မရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ် ။


Soundbite ;ဒေါ်သက်ဆုလှိုင်(အထက်တန်းပြဆရာမ)
မန္တလေးတိုင်းဒေသကြီး


ပညာရေးကောလိပ်နဲ့ပတ်သက်ပြီး အဆင့်သတ်မှတ်ချက်တွေကို ဝင်ခွင့်လမ်းညွှန်မှာပါတဲ့ အတိုင်း ဆောင်ရွက်ထားတာ မရှိသလို အရင်က ပညာရေးကောလိပ်ကို ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနအောက်ကနေ ပညာရေးကောလိပ်တွေကိုဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ် ။ ပညာရေးဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်ခန့်ထားရေးနဲ့ ရာထူးအတိုးအပြောင်းကိစ္စကိုစဉ်းစားတဲ့အခါတော့ အခြေခံပညာဦးစီးဌာန ကနေ ဆောင်ရွက်တာဖြစ်တာကြောင့် ဌာနနှစ်ခုရဲ့ကွာခြားချက်ရှိနေတာလည်းဖြစ်ပါတယ် ရှင်။