လူငယ္ေတြဟာ လူမႈကြန္ရက္ကိုသံုးၿပီး စာေရးစာဖတ္တာေတြ ျပဳလုပ္လာ

0
98

ဒီကေန႔ေခတ္လူငယ္ေတြဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြကို  အသုံးျပဳၿပီး စာေရးစာဖတ္တ့ဲ အေလ့အက်င့္ေတြ ျပဳလုပ္လာၾကတယ္လို႔ စာေရးဆရာေကာင္းသန္႔က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ စိုင္းဟန္ကေျပာပါတယ္။

ျမန္မာႏုိင္ငံက လူငယ္အမ်ားစုဟာ စာေရးစာဖတ္တ့ဲ အေလ့အက်င့္ကို သူတို႔နဲ႕နီးစပ္တ့ဲ အင္တာနက္၊ လူမႈကြန္ရက္စာမ်က္ႏွာေတြကို အသုံးျပဳၿပီး စာေရးစာဖတ္တ့ဲ အေလ့အက်င့္ေတြ ျပဳလုပ္လာၾကတယ္လို႔ ျမန္မာစာေရးဆရာကလပ္ ဥကၠ႒ စာေရးဆရာ ေကာင္းသန္႔ ကေျပာပါတယ္။

ေမလ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ House of Orchid မွာ ျမန္မာစာေရးဆရာကလပ္ရဲ႕ စာေပဖန္တီးမႈ အႏုပညာသင္တန္း အမွတ္စဥ္(၄) သင္တန္းဆင္းပြဲအခမ္းအနားက်င္းပျပဳလုပ္ခ့ဲတာပါ။

Soundbite- စာေရးဆရာေကာင္းသန္႔ (ဥကၠ႒)

ျမန္မာစာေရးဆရာကလပ္

အ့ဲဒီလို ရွာေဖြဖတ္႐ႈ႕ေရးသားၾကေပမယ့္ တကယ္တမ္း လူငယ္ေတြ ထပ္မံဖတ္႐ူဖို႔ လိုအပ္ေနတ့ဲ စာအုပ္စာေပ ေတြရွိတ့ဲ စာအုပ္ဆိုင္ေတြ စာၾကည့္တိုက္ေတြမွာ သြားေရာက္ဖတ္႐ူဖို႔ အခက္အခဲအမ်ိဳးမ်ိဳး ေတြရွိေနေသးတယ္လို႔လည္း ေျပာပါတယ္။

Soundbite- စာေရးဆရာေကာင္းသန္႔ (ဥကၠ႒)

ျမန္မာစာေရးဆရာကလပ္

ဒီလိုလူငယ္အပါအ၀င္ အမ်ားျပည္သူ စာေပေလ့လာမႈအေပၚ ပိုမိုအားေကာင္းလာေစဖို႔ ျမန္မာစာေရးဆရာကလပ္ကေနၿပီး စာေပအက်ိဳးသယ္ပိုးႏိုင္ဖို႔ လူငယ္မ်ိဳးဆက္သစ္ေတြ အခုလို စာေပဖန္တီးမႈ သင္တန္းဖြင့္လွစ္တာေတြ၊ စာေပစကား၀ိုင္းေတြ၊ ကဗ်ာရြတ္ဆိုၿပိဳင္ပြဲေတြစတ့ဲ စာေပအက်ိဳးျပဳလုပ္ငန္းေတြနဲ႕ စာေပမ်ိဳးဆက္ပိုမိုထြန္းကားေအာင္ လုပ္ေဆာင္ေပးေနတာျဖစ္တယ္လို႔ ေျပာပါတယ္ ခင္ဗ်ာ။

ဒီကနေ့ခေတ်လူငယ်တွေဟာ လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပြီး စာရေးစာဖတ်တဲ့ အလေ့အကျင့်တွေ ပြုလုပ်လာကြတယ်လို့ စာရေးဆရာကောင်းသန့်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်ကပြောပါတယ်။

မြန်မာနိုင်ငံက လူငယ်အများစုဟာ စာရေးစာဖတ်တဲ့ အလေ့အကျင့်ကို သူတို့နဲ့နီးစပ်တဲ့ အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပြီး စာရေးစာဖတ်တဲ့ အလေ့အကျင့်တွေ ပြုလုပ်လာကြတယ်လို့ မြန်မာစာရေးဆရာကလပ် ဥက္ကဋ္ဌ စာရေးဆရာ ကောင်းသန့် ကပြောပါတယ်။

မေလ၂၃ ရက်နေ့က ရန်ကုန်မြို့ House of Orchid မှာ မြန်မာစာရေးဆရာကလပ်ရဲ့ စာပေဖန်တီးမှု အနုပညာသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တာပါ။

Soundbite- စာရေးဆရာကောင်းသန့် (ဥက္ကဋ္ဌ)
မြန်မာစာရေးဆရာကလပ်

အဲ့ဒီလို ရှာဖွေဖတ်ရှု့ရေးသားကြပေမယ့် တကယ်တမ်း လူငယ်တွေ ထပ်မံဖတ်ရူဖို့ လိုအပ်နေတဲ့ စာအုပ်စာပေ တွေရှိတဲ့ စာအုပ်ဆိုင်တွေ စာကြည့်တိုက်တွေမှာ သွားရောက်ဖတ်ရူဖို့ အခက်အခဲအမျိုးမျိုး တွေရှိနေသေးတယ်လို့လည်း ပြောပါတယ်။

Soundbite- စာရေးဆရာကောင်းသန့် (ဥက္ကဋ္ဌ)
မြန်မာစာရေးဆရာကလပ်

ဒီလိုလူငယ်အပါအဝင် အများပြည်သူ စာပေလေ့လာမှုအပေါ် ပိုမိုအားကောင်းလာစေဖို့ မြန်မာစာရေးဆရာကလပ်ကနေပြီး စာပေအကျိုးသယ်ပိုးနိုင်ဖို့ လူငယ်မျိုးဆက်သစ်တွေ အခုလို စာပေဖန်တီးမှု သင်တန်းဖွင့်လှစ်တာတွေ၊ စာပေစကားဝိုင်းတွေ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွေစတဲ့ စာပေအကျိုးပြုလုပ်ငန်းတွေနဲ့ စာပေမျိုးဆက်ပိုမိုထွန်းကားအောင် လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ ပြောပါတယ် ခင်ဗျာ။