
0
90









                   တို့မျိုးဆက်ကွန်ရက်

ဒါအပြင် အလုပ်သမားထု မျှော်လင့်တောင်းတနေတဲ့  အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကြမ်းကို အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်မပါဘဲ မေလ ၇ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်ပြီး နှစ်ပတ်အတွင်း နိုင်ငံတော်သမ္မတ ကလက်မှတ်ရေးထိုးအတည်ပြုပြ ဌာန်းတော့မှာ လည်းဖြစ်ပါတယ်ရှင်။

အလုပ်သမားထုရဲ့မဲကို အလုပ်သမားတွေတအွက် အကျိုးပြုမယ့် ပါတီအတွက်သာ ဖြစ်စေရမယ်
၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အလုပ်သမားထုရဲ့မဲကို အလုပ်သမားတွေ အတွက် အကျိုးပြုပေးမယ့် ပါတီအတွက်သာ ဖြစ်စေရမယ်လို့ အလုပ်သမားထုရဲ့ ဆန္ဒသဘောထား ထုတ်ဖော်ရေး ပူးပေါင်းကော်မတီ ကပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။
အလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့ပါဝင်တဲ့ အလုပ်သမားထုရဲ့ ဆန္ဒသဘောထား ထုတ်ဖော်ရေး ပူးပေါင်းကော်မတီ ကနေ အလုပ်သမားတွေရဲ့ အကျိုးစီးပွားနဲ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ ဥပဒေပြဌာန်းပေးတာ မရှိတဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို မဆို ၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာ ထောက်ခံမဲ ပေးတော့မှာ မဟုတ်ကြောင်း မေလ၂၀ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။
၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အလုပ်သမားထုရဲ့မဲကို အလုပ်သမားတွေအတွက် အကျိုးပြုပေးမယ့် ဥပဒေတွေကို ပြဌာန်းပေးမယ့် ပါတီအတွက်သာ ဖြစ်စေရမယ်လို့ အလုပ်သမားထုရဲ့ ဆန္ဒသဘောထား ထုတ်ဖော်ရေး ပူးပေါင်းကော်မတီ ကပြောပါတယ်။
Soundbite ကိုသက်နှင်းအောင် (အထွေထွေအတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုပေါင်းစုံအလုပ်သမားသမဂများအဖွဲ့ချုပ်
လက်ရှိ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ အလုပ်သမား အငြင်းပွားမှုဥပဒေကြောင့် အလုပ်သမားထုအနေနဲ့ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲအတွက် ကြည့်တဲ့ ပေတံတစ်ချောင်းဖြစ်သွားနိုင်တယ်လို တို့မျိုးဆက်ကွန်ရက် ကပြောပါတယ်။
Soundbite ကိုနန္ဒစစ်အောင် (ဒါရိုက်တာ)
တို့မျိုးဆက်ကွန်ရက်
ဒါအပြင် အလုပ်သမားထု မျှော်လင့်တောင်းတနေတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကြမ်းကို အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်မပါဘဲ မေလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိ်ုက်ပြီး နှစ်ပတ်အတွင်း နိုင်ငံတော်သမ္မတ ကလက်မှတ်ရေးထိုးအတည်ပြုပြ ဌာန်းတော့မှာ လည်းဖြစ်ပါတယ်ရှင်။