ေရႊ၀ါေရာင္ ဆရာေတာ္ ဦးေသာဘိတ ကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ တရား႐ံုးမွာ ဦးတိုက္ေလွ်ာက္

0
250

ေရႊ၀ါေရာင္ ဆရာေတာ္ ဦးေသာဘိတ (အလကၤာၾကယ္) ကို တပ္မေတာ္သား တစ္ဦးက ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈနဲ႔ အမရပူရ ၿမိဳ႕နယ္ တရားရံုးမွာ ဦးတိုက္ေလွ်ာက္လိုက္ပါတယ္။

ဦးတိုက္ေလွ်ာက္ထားမႈကို ၿမိဳ႕နယ္တရား႐ံုးက လက္ခံခဲ့ၿပီး အမႈမွာ လိုအပ္ခ်က္ေတြ ရွိတာေၾကာင့္ တရားရံုးက ရဲတပ္ဖြဲ႕ကို စံုစမ္းစစ္ေဆးဖို႔ ခ်ထားေပးကာ ဇြန္လ (၆) ရက္ေန႔ကို  ျပန္လည္စစ္ေဆးဖို႔ ႐ံုးခ်ိန္းေပးခဲ့ပါတယ္။

ဒါ့အျပင္ ေရႊ၀ါေရာင္ ဆရာေတာ္ ဦးေသာဘိတ (အလကၤာၾကယ္) ကို လူမႈကြန္ရက္စာမ်က္ႏွာမွာ တပ္မေတာ္ နဲ႔  တပ္မေတာ္သားေတြအေပၚ သိကၡာက်ဆင္းေစတဲ့ ပုတ္ခတ္ေရးသားမႈေတြ ျပဳလုပ္တယ္လို႔ ဆိုကာ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ တရားစြဲဆိုထားတာ လည္းျဖစ္ပါတယ္။

ရွှေဝါရောင် ဆရာတော် ဦးသောဘိတ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်


ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်သား တစ်ဦးက နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ အမရပူရ မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်လိုက်ပါတယ်။


ဦးတိုက်လျှောက်ထားမှုကို မြို့နယ်တရားရုံးက လက်ခံခဲ့ပြီး အမှုမှာ လိုအပ်ချက်တွေ ရှိတာကြောင့် တရားရုံးက ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးဖို့ ချထားပေးကာ ဇွန်လ (၆) ရက်နေ့ကို ပြန်လည်စစ်ဆေးဖို့ ရုံးချိန်းပေးခဲ့ပါတယ်။


ဒါ့အပြင် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော် နဲ့ တပ်မတော်သားတွေအပေါ် သိက္ခာကျဆင်းစေတဲ့ ပုတ်ခတ်ရေးသားမှုတွေ ပြုလုပ်တယ်လို့ ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာ လည်းဖြစ်ပါတယ်။