စည္ပင္သာယာဥပေဒ တိက်စြာ လုိက္နာဖုိ႔ လူမႈေရးျပစ္ဒဏ္စနစ္ ခ်မွတ္က်င့္သုံးသင့္

0
119

စည္ပင္သာယာဥပေဒကုိ တိက်စြာ လုိက္နာနုိင္ေစဖုိ႔ ျပည္သူလူထုကုိ အသိပညာေပးၿပီး လုိအပ္ပါက လူမႈေရး ျပစ္ဒဏ္စနစ္ေတြ ခ်မွတ္က်င့္သုံးသင့္ေၾကာင္း တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္မွဴး ေအာင္ေက်ာ္ႏွင္းက အႀကံျပဳေဆြးေႏြးခဲ့ပါတယ္။

ေရႊျပည္သာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးဉာဏ္ဝင္းက စြန္႔ပစ္ပစၥည္း အမႈိက္ေတြေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခုိက္ပ်က္စီးမႈ ေလ်ာ့နည္းပေပ်ာက္ေစဖုိ႔ ျမန္မာနုိင္ငံနဲ႔ ဂ်ပန္ႏုိင္ငံတုိ႔ ပူးေပါင္းတည္ေဆာက္ခဲ့တဲ့ ေန႔စဥ္ အမႈိက္တန္ ၆၀ ကုိ မီးရႈိ႕ၿပီး ထြက္ရွိလာတဲ့ အပူရွိန္ကုိ အသုံးျပဳၿပီး လွ်ပ္စစ္ဓာတ္အား 760 KW ထုတ္လုပ္တဲ့စက္႐ံုနဲ႔ အမႈိက္မီးရႈိ႕စက္တုိ႔ကုိ ပုိမုိးတုိးျမွင့္ တည္ေဆာက္နုိင္ေရး တုိက္တြန္းတဲ့ အဆုိကုိ တင္သြင္းစဥ္ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္က အႀကံျပဳေဆြးေႏြးခဲ့တာပါ။

လက္ရွိ မိမိတို႔ႏုိင္ငံအေနနဲ႔ ကုိက္ညီတဲ့ Waste to Energy Plan ေတြကုိ ေဖာ္ေဆာင္သင့္ေၾကာင္းနဲ႔ ေဆာင္ရြက္တဲ့ အခါမွာလည္း ရင္းႏွီးျမဳပ္ႏွံလိုက္ရတဲ့ စက္႐ံုတန္ဖိုးနဲ႔ ကုိက္ညီတဲ့ အက်ဳိးအျမတ္ ျပန္လည္ရရွိေရး စီစစ္ၾကပ္မတ္ ေဆာင္ရြက္သင့္ေၾကာင့္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္မွဴး ေအာင္ေက်ာ္ႏွင္းက ေျပာပါတယ္။

စည်ပင်သာယာဥပဒေ တိကျစွာ လိုက်နာဖို့ လူမှုရေးပြစ်ဒဏ်စနစ် ချမှတ်ကျင့်သုံးသင့်


စည်ပင်သာယာဥပဒေကို တိကျစွာ လိုက်နာနိုင်စေဖို့ ပြည်သူလူထုကို အသိပညာပေးပြီး လိုအပ်ပါက လူမှုရေး ပြစ်ဒဏ်စနစ်တွေ ချမှတ်ကျင့်သုံးသင့်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းက အကြံပြုဆွေးနွေးခဲ့ပါတယ်။


ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းက စွန့်ပစ်ပစ္စည်း အမှိုက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းပပျောက်စေဖို့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ခဲ့တဲ့ နေ့စဉ် အမှိုက်တန် ၆၀ ကို မီးရှို့ပြီး ထွက်ရှိလာတဲ့ အပူရှိန်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား 760 KW ထုတ်လုပ်တဲ့စက်ရုံနဲ့ အမှိုက်မီးရှို့စက်တို့ကို ပိုမိုးတိုးမြှင့် တည်ဆောက်နိုင်ရေး တိုက်တွန်းတဲ့ အဆိုကို တင်သွင်းစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က အကြံပြုဆွေးနွေးခဲ့တာပါ။


လက်ရှိ မိမိတို့နိုင်ငံအနေနဲ့ ကိုက်ညီတဲ့ Waste to Energy Plan တွေကို ဖော်ဆောင်သင့်ကြောင်းနဲ့ ဆောင်ရွက်တဲ့ အခါမှာလည်း ရင်းနှီးမြုပ်နှံလိုက်ရတဲ့ စက်ရုံတန်ဖိုးနဲ့ ကိုက်ညီတဲ့ အကျိုးအမြတ် ပြန်လည်ရရှိရေး စီစစ်ကြပ်မတ် ဆောင်ရွက်သင့်ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းက ပြောပါတယ်။