
0
167


ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ရဲ့ ဌာချုပ်ရှိရာ လွိုင်တိုင်းလျဲန်းမှာ ပြုလုပ်ခဲ့တဲ့ ၆၁ နှစ်မြောက် ရှမ်းအမျိုးသား တော်လှန်ရေး အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


၂၀၂၀ မှာ ရှမ်းလူမျိုးတွေကိုချစ်တဲ့ အမတ်တွေကိုပဲ ရွေးချယ်ဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ် တိုက်တွန်း


ရှမ်းပြည်သူတွေအနေနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ရှမ်းလူမျိုးတွေကို ချစ်ခင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုသာ ရွေးချယ်ဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။


ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ရဲ့ ဌာချုပ်ရှိ်ရာ လွိုင်တိုင်းလျဲန်းမှာ ပြုလုပ်ခဲ့တဲ့ ၆၁ နှစ်မြောက် ရှမ်းအမျိုးသား တော်လှန်ရေး အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


ပြည်သူလူထုကို အသိပေး နှိုးဆော်လိုတာကတော့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ထပ်မံ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲက အတွေ့အကြုံတွေကို ရရှိထားခဲ့ကြပြီးဖြစ်တာကြောင့် ပြည်သူတွေ ကိုယ်စား လွှတ်တော်အတွင်းမှာ သွားရောက် ကိုယ်စားပြုပေးမယ့် မိမိရဲ့လူမျိုးနဲ့ လူထုအပေါ် ချစ်ခင်လေးစားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကောင်းတွေကို ရွေးချယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားတာပါ။