ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ ပူးတြဲစစ္ေဆးမႈ အေကာင္အထည္ေဖာ္ႏိုင္ေရး ေဆြးေႏြး

0
93

တတိယအႀကိမ္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ ပူးတြဲစစ္ေဆးေရးဆိုင္ရာ ႀကိဳတင္ျပင္ဆင္ေရး ေကာ္မတီရဲ႕  ပထမအႀကိမ္ အစည္းအေဝးကို ေမလ ၂၂ ရက္ေန႔က ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ က်ငး္ပခဲ့ပါတယ္။

အစည္းအေဝးမွာ တတိယအႀကိမ္ ျမန္မာ-တ႐ုတ္ နယ္နိမိတ္ ပူးတြဲစစ္ေဆးျခင္းလုပ္ငန္း အေကာင္အထည္ ေဖာ္ႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ရွိတဲ့ လုပ္ငန္းေတြအေပၚ အဓိကထားၿပီး ႏွစ္ဖက္ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးသန္႔ေဖ ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕နဲ႔ တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ နယ္စပ္ေဒသႏွင့္ ပင္လယ္သမုဒၵရာေရးရာ ဦးစီးဌာန၊ ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ မစၥက္ ဝန္ ဝင္လီတို႔အဖြဲ႕ တက္ေရာက္ခဲ့ၾကပါတယ္။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ် ပူးတွဲစစ်ဆေးမှု အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေး

တတိယအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ် ပူးတွဲစစ်ဆေးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို မေလ ၂၂ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျငး်ပခဲ့ပါတယ်။

အစည်းအဝေးမှာ တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းလုပ်ငန်း အကောင်အထည် ဖော်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ရှိတဲ့ လုပ်ငန်းတွေအပေါ် အဓိကထားပြီး နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာ ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စက် ဝန် ဝင်လီတို့အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။