တ႐ုတ္ခရီးသြားေတြေၾကာင့္ ဝင္ေငြရရွိၿပီး Zero Budget Tour မဟုတ္ေၾကာင္း ဝန္ႀကီးေျပာ

0
123

တ႐ုတ္ ခရီးသြားဧည့္သည္ေတြ ျမန္မာႏိုင္ငံကုိ လာေရာက္လည္ပတ္ရာမွာ ဟိုတယ္ငွားရမ္းမႈေတြ၊   စားေသာက္ဆုိင္ ငွားရမ္းမႈေတြ၊ ဧည့္လမ္းညႊန္ ငွားရမ္းမႈေတြနဲ႔ ကားငွားရမ္းမႈေတြ ရွိေနပါတယ္။ အဲဒါေၾကာင့္   ျမန္မာႏိုင္ငံသားေတြ ဝင္ေငြရရွိေနလို႔ Zero Budget Tour မဟုတ္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္က ေျပာၾကားလိုက္ပါတယ္။

ေမလ ၂၂ ရက္ေန႔ ေနျပည္ေတာ္ရွိ ျပန္ၾကားေရး ဝန္ႀကီးဌာနမွာ က်င္းပတဲ့ သတင္းစာရွင္းလင္း ပြဲမွာ  တ႐ုတ္ခရီး သြားဧည့္သည္ေတြ လာေရာက္လည္ပတ္ျခင္းဟာ ျမန္မာႏုိင္ငံအတြက္ အက်ဳိးျဖစ္ထြန္းမႈ နည္းပါးတယ္လုိ႔ ေဝဖန္ေျပာဆုိမႈမ်ား ထြက္ေပၚေနေၾကာင္း ေမးျမန္းခ်က္အေပၚ ျပည္ေထာင္စုဝန္ႀကီးက အခုလုိ ျပန္လည္ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

Look East Policy ကို ခ်မွတ္ေဖာ္ေဆာင္ခဲ့တာေၾကာင့္ တ႐ုတ္ခရီးသြားဧည့္သည္ အေရအတြက္ ၃၇ ရာခုိင္ႏႈန္းနဲ႔ ထုိင္းခရီးသြားဧည့္သည္ အေရအတြက္ ၉ ရာခုိင္ႏႈန္းအထိ ယခင္ႏွစ္ကထက္ ပိုမိုတုိး တက္လာခဲ့ေၾကာင္းလည္း ထည့္သြငး္ေျပာၾကားခဲ့ပါတယ္။

တရုတ်ခရီးသွားတွေကြောင့် ဝင်ငွေရရှိပြီး Zero Budget Tour မဟုတ်ကြောင်း ဝန်ကြီးပြော


တရုတ် ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရာမှာ ဟိုတယ်ငှားရမ်းမှုတွေ၊ စားသောက်ဆိုင် ငှားရမ်းမှုတွေ၊ ဧည့်လမ်းညွှန် ငှားရမ်းမှုတွေနဲ့ ကားငှားရမ်းမှုတွေ ရှိနေပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံသားတွေ ဝင်ငွေရရှိနေလို့ Zero Budget Tour မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားလိုက်ပါတယ်။


မေလ ၂၂ ရက်နေ့ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်း ပွဲမှာ တရုတ်ခရီး သွားဧည့်သည်တွေ လာရောက်လည်ပတ်ခြင်းဟာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးတယ်လို့ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေကြောင်း မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီးက အခုလို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။


Look East Policy ကို ချမှတ်ဖော်ဆောင်ခဲ့တာကြောင့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် ၃၇ ရာခိုင်နှုန်းနဲ့ ထိုင်းခရီးသွားဧည့်သည် အရေအတွက် ၉ ရာခိုင်နှုန်းအထိ ယခင်နှစ်ကထက် ပိုမိုတိုး တက်လာခဲ့ကြောင်းလည်း ထည့်သွငး်ပြောကြားခဲ့ပါတယ်။