
0
75




ဂျပန် ကုမ္ပဏီ နှစ်ခုက မြန်မာနိုင်ငံမှာ စမတ်ဖုန်း ဂိမ်း ဝန်ဆောင်မှု ပေးမယ်


ဂျပန်နိုင်ငံက KDDI ကော်ပိုရေးရှင်းနဲ့ ဆုမိတိုမို ကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စမတ်ဖုန်း ဂိမ်း ဝန်ဆောင်မှု ပေးမယ်လို့ မေလ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။


စမတ်ဖုန်း ဂိမ်းကစားတဲ့ ဝန်ဆောင်မှုကို မကြာခင် စတင် ပေးနိုင်လိမ့်မယ်လို့ ဂျပန် ကုမ္ပဏီ နှစ်ခုက ပြောပါတယ်။ မိုဘိုင်း ဂိမ်း ဈေးကွက်အတွက် မြန်မာနိုင်ငံဟာ အလားအလာ အများကြီး ရှိတယ်လို့ ဂျပန် ကုမ္ပဏီ နှစ်ခုက မြင်ထားကြောင်း ဂျီဂျီပရက်စ် သတင်းမှာ ဖော်ပြထားပါတယ်။


KDDI ကော်ပိုရေးရှင်းဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အခြေစိုက်တဲ့ ဆက်သွယ်ရေး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဆုမိတိုမို ကော်ပိုရေးရှင်းဟာလည်း တိုကျိုမြို့မှာ အခြေစိုက်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။