
0
83




ASEAN Pop Culture ပွဲတော် မန္တလေးမှာ ကျင်းပမယ်


ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့က ကမကထပြုတဲ့ ASEAN Pop Culture ပွဲ အခမ်းအနားကို လာမယ့် ဇွန်လအတွင် မန္တလေးမြို့မှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။


ဒီ ပရောဂျက်ဟာ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့မှာ ကျင်းပဖို့ ရည်ရွယ်ပြီး အာဆီယံက အနုပညာရှင်တွေက အနုပညာနဲ့ ယဉ်ကျေးမှု ဖော်ထုတ်တာတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့နဲ့ ထိုင်းဟာ ဒီလို ယဉ်ကျေးမှု ပွဲတော်မျိုး ကျင်းပရာမှာ ဗဟိုချက် ဖြစ်လာဖို့လည်း ရွယ်ရွယ်ပါတယ်။


မေလအတွင်း ထိုင်းနိုင်ငံ၊ ချင်းရိုင်၊ ဇွန်လအတွင်း မြန်မာနိုင်ငံ၊ မန္တလေးနဲ့ ဇူလိုင်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဘတ်တမ်ဘန်တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ထိုင်းနိုင်ငံ၊ ထရက်ပြည်နယ်၊ လာယမ်နော့မှာ ASEAN Pop Culture ပွဲတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့က ကြေညာခဲ့ပါတယ်။ အဲဒီပွဲတော်မှာ အင်ဒိုနီးရှား အနုပညာရှင် အင်ဒရူး ဆူယိုနိုက Dancing together ခေါင်းစဉ်နဲ့ အနုပညာ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။