DMG ဂ်ာနယ္လစ္ကို အမႈ႐ုပ္သိမ္းေပးဖို႔ လူ႔အခြင့္အေရး အဖြဲ႔ ေတာင္းဆို

0
365

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ အေျခစိုက္ Development Media Group (DMG) ရဲ႔ အယ္ဒီတာခ်ဳပ္ ဦးေအာင္မင္းဦး အေပၚ စြဲခ်က္ေတြကို ႐ုပ္သိမ္းေပးဖို႔ လူ႔အခြင့္အေရး အဖြဲ႔ျဖစ္တဲ့ Fortify Rights အဖြဲ႔က ေတာင္းဆိုလိုက္ပါတယ္။

DMG သတင္းဌာနကို ရခုိင္ျပည္နယ္ ရဲသတင္းတပ္ဖြဲ႔ SB က မတရားအသင္း ဆက္သြယ္မႈ ဥပေဒနဲ႔ တရားစြဲဆိုဖုိ႔ တိုင္ၾကားခဲ့ၿပီးေနာက္ အခုလ အေစာပိုင္းမွာ ဖမ္းဆီးခဲ့ပါတယ္။ DMG သတင္​းေထာက္​ခ်ဳပ္​ ေနဝင္​းစံနဲ႔ ႐ုပ္​သံသတင္​းေထာက္​ သက္​ႏိုင္​တို႔ကိုလည္း ေခၚယူစစ္ေဆးခဲ့ပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံမွာ အေျခခံ အခြင့္အေရးနဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို ဆက္လက္ ႏွိမ္နင္းေနမႈရဲ႕ တစ္စိတ္တစ္ပိုင္းပဲ ျဖစ္တယ္လို႔ Fortify Rights အမႈေဆာင္ အရာရွိခ်ဳပ္ မက္သ႐ူး စမစ္က ေျပာပါတယ္။

DMG ဂျာနယ်လစ်ကို အမှုရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေး အဖွဲ့ တောင်းဆို


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) ရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦး အပေါ် စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က တောင်းဆိုလိုက်ပါတယ်။


DMG သတင်းဌာနကို ရခိုင်ပြည်နယ် ရဲသတင်းတပ်ဖွဲ့ SB က မတရားအသင်း ဆက်သွယ်မှု ဥပဒေနဲ့ တရားစွဲဆိုဖို့ တိုင်ကြားခဲ့ပြီးနောက် အခုလ အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ DMG သတင်​းထောက်​ချုပ်​ နေဝင်​းစံနဲ့ ရုပ်​သံသတင်​းထောက်​ သက်​နိုင်​တို့ကိုလည်း ခေါ်ယူစစ်ဆေးခဲ့ပါတယ်။


ဒါဟာ မြန်မာနိုင်ငံမှာ အခြေခံ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဆက်လက် နှိမ်နင်းနေမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်လို့ Fortify Rights အမှုဆောင် အရာရှိချုပ် မက်သရူး စမစ်က ပြောပါတယ်။