တရားစြဲဆိုျခင္း မရွိဘဲ ဖမ္းထားတဲ့ ဂ်ာနယ္လစ္ကို လႊတ္ေပးဖို႔ CPJ ေတာင္းဆို

0
59

Channel Mandalay TV က ႐ုပ္သံ သတင္းေထာက္ကို တရားစြဲဆိုျခင္းလည္း မရွိဘဲ ဖမ္းဆီးထားတာ ျခြင္းခ်က္မရွိ အျမန္ဆံုး လႊတ္ေပးဖို႔ သတင္းသမားမ်ား အကာအကြယ္ေပးေရး ေကာ္မတီ (CPJ) က ေတာင္းဆိုလိုက္ပါတယ္။

မႏၱေလး၊ ေအာင္သေျပရြာအနီး ဘိလပ္ေျမစက္႐ံုကို ရြာခံေတြက ဆန္႔က်င္ဆႏၵျပမႈကို ႏွိမ္နင္းရာမွာ ႐ုပ္သံ သတင္းေထာက္ ကိုနႏၵကိုလည္း ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။ ဆႏၵျပပြဲမွာ ျဖစ္ပ်က္ပံုေတြကို ကိုနႏၵက အင္တာနက္ကေန Live လႊင့္ခဲ့တာပါ။  

ဆႏၵျပပြဲကို သတင္းယူၿပီး လုပ္စရာရွိတာ လုပ္ခဲ့တဲ့ ကိုနႏၵကို ျမန္မာအာဏာပိုင္ေတြက လႊတ္ေပးဖို႔၊ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီကို အလိုရွိေနတယ္ဆိုရင္ မီဒီယာေတြအေပၚ ဒီလိုဖိႏွိပ္မႈမ်ိဳးေတြကို ရပ္ဆိုင္းဖို႔ CPJ ရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ အႀကီးတန္း ကိုယ္စားလွယ္ ေရွာင္ ခရစၥပင္က ေျပာပါတယ္။

တရားစွဲဆိုခြင်း မရှိဘဲ ဖမ်းထားတဲ့ ဂျာနယ်လစ်ကို လွှတ်ပေးဖို့ CPJ တောင်း


Channel Mandalay TV က ရုပ်သံ သတင်းထောက်ကို တရားစွဲဆိုခြင်းလည်း မရှိဘဲ ဖမ်းဆီးထားတာ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။


မန္တလေး၊ အောင်သပြေရွာအနီး ဘိလပ်မြေစက်ရုံကို ရွာခံတွေက ဆန့်ကျင်ဆန္ဒပြမှုကို နှိမ်နင်းရာမှာ ရုပ်သံ သတင်းထောက် ကိုနန္ဒကိုလည်း ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ဖြစ်ပျက်ပုံတွေကို ကိုနန္ဒက အင်တာနက်ကနေ Live လွှင့်ခဲ့တာပါ။


ဆန္ဒပြပွဲကို သတင်းယူပြီး လုပ်စရာရှိတာ လုပ်ခဲ့တဲ့ ကိုနန္ဒကို မြန်မာအာဏာပိုင်တွေက လွှတ်ပေးဖို့၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို အလိုရှိနေတယ်ဆိုရင် မီဒီယာတွေအပေါ် ဒီလိုဖိနှိပ်မှုမျိုးတွေကို ရပ်ဆိုင်းဖို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ် ရှောင် ခရစ္စပင်က ပြောပါတယ်။