ျမစ္ဆံုစီမံကိန္းကို ဌာေနတိုင္းရင္းသားေတြက ကန္႔ကြက္တာလို႔ ကခ်င္မဟာမိတ္အဖြဲ႔ ဥကၠ႒ ေျပာ

0
76

ျမစ္ဆံုစီမံကိန္းကို ကန္႔ကြက္တာဟာ ဌာေနတိုင္းရင္းသားေတြျဖစ္ၿပီး အေနာက္ႏိုင္င့ေတြနဲ႔ မသက္ဆိုင္ေၾကာင္း ကခ်င္မဟာမိတ္အဖြဲ႔ ဥကၠ႒ ဂြန္ဆန္က ေျပာပါတယ္။

တာဝန္ၿပီးဆံုးေတာ့မယ့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ဟုန္လ်န္က ေမလ ၂၁ ရက္ေန႔ ႏုတ္ဆက္ပြဲမွာ အင္အားစုတခ်ိဳ႕က ႏိုင္ငံေရး ရည္ရြယ္ခ်က္နဲ႔ စီမံကိန္းအေၾကာင္း သတင္းမွားေတြ ထုတ္ျပန္ေနေၾကာင္း၊ အဲဒီ အင္အားစုေတြေနာက္မွာ ႏိုင္ငံျခားအုပ္စု တခ်ိဳ႕ ရွိေၾကာင္း သံအမတ္ႀကီးက ေျပာခဲ့တာကို တံု႔ျပန္လိုက္တာ ျဖစ္ပါတယ္။

၂၀၀၇-၂၀၀၈ ခုႏွစ္ေလာက္ကတည္းက ဌာေနတိုင္းရင္းသားေတြက ေျပာထားၿပီး ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံက ျမန္မာျပည္သူျပည္သားေတြကို အေလးထားရင္ စစ္တမ္းေကာက္လို႔ ရေၾကာင္း၊ မဲပံုးေထာင္ၿပီး ျမစ္ဆံု စီမံကိန္း ေဆာက္မလား၊ မေဆာက္ဘူးလားဆိုတာ လုပ္လိုက္ရင္ အေျဖရွင္းရွင္းလင္းလင္း ေပၚလာမွာ ျဖစ္ေၾကာင္း ကခ်င္မဟာမိတ္အဖြဲ႔ ဥကၠ႒ ဂြန္ဆန္က VOA ရဲ႕ ေမးျမန္းမႈကို ေျဖၾကားထားတာ ျဖစ္ပါတယ္။

မြစ်ဆုံစီမံကိန်းကို ဌာနေတိုင်းရင်းသားတွေက ကန့်ကွက်တာလို့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ပြော


မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တာဟာ ဌာနေတိုင်းရင်းသားတွေဖြစ်ပြီး အနောက်နိုင်င့တွေနဲ့ မသက်ဆိုင်ကြောင်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဂွန်ဆန်က ပြောပါတယ်။


တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မေလ ၂၁ ရက်နေ့ နုတ်ဆက်ပွဲမှာ အင်အားစုတချို့က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စီမံကိန်းအကြောင်း သတင်းမှားတွေ ထုတ်ပြန်နေကြောင်း၊ အဲဒီ အင်အားစုတွေနောက်မှာ နိုင်ငံခြားအုပ်စု တချို့ ရှိကြောင်း သံအမတ်ကြီးက ပြောခဲ့တာကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။


၂၀ဝ၇-၂၀ဝ၈ ခုနှစ်လောက်ကတည်းက ဌာနေတိုင်းရင်းသားတွေက ပြောထားပြီး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာပြည်သူပြည်သားတွေကို အလေးထားရင် စစ်တမ်းကောက်လို့ ရကြောင်း၊ မဲပုံးထောင်ပြီး မြစ်ဆုံ စီမံကိန်း ဆောက်မလား၊ မဆောက်ဘူးလားဆိုတာ လုပ်လိုက်ရင် အဖြေရှင်းရှင်းလင်းလင်း ပေါ်လာမှာ ဖြစ်ကြောင်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဂွန်ဆန်က VOA ရဲ့ မေးမြန်းမှုကို ဖြေကြားထားတာ ဖြစ်ပါတယ်။