ကရင္ျပည္နယ္ရဲ႕ IDP စခန္းေတြထဲက ကေလးငယ္ေတြ အလယ္တန္းအဆင့္ မတက္ေရာက္ႏိုင္

0
142

ကရင္ျပည္နယ္ရဲ႕ IDP စခန္းေတြထဲက ကေလးငယ္ ၈၀ ရာခိုင္ႏႈန္းေက်ာ္ဟာ အလယ္တန္းအဆင့္ကို တက္ေရာက္ႏိုင္တာ မရွိဘူးလို႔ ကရင္လူ႕အခြင့္အေရးလိုက္ပါေဆာင္ရြက္သူေတြ ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထား ပါတယ္။

ကရင္ျပည္နယ္က IDP စခန္းေတြကို ေရာက္ရွိေနတဲ့ ကေလးအမ်ားစုဟာ အေျခခံပညာအဆင့္ ဘုန္းေတာ္ႀကီးသင္ မူလတန္းအထိသာ သင္ယူခဲ့ရၿပီး အလယ္တန္းအဆင့္ အစိုးရေက်ာင္းတက္ေရာက္ႏိုင္ဖို႔ ေက်ာင္း၀င္ေၾကး၊ စာရြက္စာတမ္းေၾကး မေပးႏိုင္တာေၾကာင့္ ေက်ာင္းထြက္တာေတြ မ်ားလာတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အလယ္တန္းနဲ႔ အထက္တန္းေက်ာင္း တက္ေရာက္ႏိုင္ဖို႔ ေနထိုင္ရာ ဒုကၡသည္စခန္းေတြနဲ႔ တစ္နာရီ ေက်ာ္ လမ္းေလွ်ာက္သြားရၿပီး မိဘေတြက ကေလးေတြရဲ႕ လိုအပ္ခ်က္ေတြကို မပံ့ပိုးႏိုင္တာေၾကာင့္ အခုလို ေက်ာင္းထြက္တာေတြ မ်ားလာရတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ေနာ္ထူးထူး (Programme Director)Karen Human Rights Group

ကရင္ျပည္နယ္က IDP စခန္းသံုးခုျဖစ္တဲ့ မာလာယု၊ ျမပန္း၀တ္မႈံနဲ႔ အင္ေလးသာယာကြင္း စတဲ့ ဒုကၡသည္စခန္းေတြမွာ စာသင္ေက်ာင္းမရွိတာေၾကာင့္ နီးစပ္ရာရြာေတြက ေက်ာင္းေတြမွာသာ သြားေရာက္ပညာသင္ ၾကားေနရတာပါ။

ကိုေ၀ေလး (Senior Advocacy Cooredinator)Karen Human Rights Group

ကရင္ျပည္နယ္ IDP စခန္းေတြကို ေရာက္ရွိလာတဲ့ ကေလးအမ်ားစုဟာ ဒုကၡသည္စခန္းေတြမွာ ေနထိုင္လာတာ ၂ ႏွစ္နီးပါး ရွိၿပီျဖစ္သလို ေနထိုင္ရာအတည္တက်မရွိတဲ့ ကေလးေတြကလည္း ေက်ာင္းေျပာင္းရတာေတြအျပင္ စာသင္ေက်ာင္းနဲ႔ေဝးတာ၊ မိဘေတြက မပ့ံပိုးႏိုင္တာေတြေၾကာင့္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာေတြမွာ ထိခိုက္မႈေတြရွိေနတယ္လို႔ လူ႔အခြင့္အေရး ေဆာင္ရြက္သူေတြက ေျပာပါတယ္ရွင္

ကရင်ပြည်နယ်ရဲ့ IDP စခန်းတွေထဲက ကလေးငယ်တွေ အလယ်တန်းအဆင့် မတက်ရောက်နိုင်


ကရင်ပြည်နယ်ရဲ့ IDP စခန်းတွေထဲက ကလေးငယ် ၈၀ ရာခိုင်နှုန်းကျော်ဟာ အလယ်တန်းအဆင့်ကို တက်ရောက်နိုင်တာ မရှိဘူးလို့ ကရင်လူ့အခွင့်အရေးလိုက်ပါဆောင်ရွက်သူတွေ ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထား ပါတယ်။


ကရင်ပြည်နယ်က IDP စခန်းတွေကို ရောက်ရှိနေတဲ့ ကလေးအများစုဟာ အခြေခံပညာအဆင့် ဘုန်းတော်ကြီးသင် မူလတန်းအထိသာ သင်ယူခဲ့ရပြီး အလယ်တန်းအဆင့် အစိုးရကျောင်းတက်ရောက်နိုင်ဖို့ ကျောင်းဝင်ကြေး၊ စာရွက်စာတမ်းကြေး မပေးနိုင်တာကြောင့် ကျောင်းထွက်တာတွေ များလာတယ်လို့ ပြောပါတယ်။


ဒါ့အပြင် အလယ်တန်းနဲ့ အထက်တန်းကျောင်း တက်ရောက်နိုင်ဖို့ နေထိုင်ရာ ဒုက္ခသည်စခန်းတွေနဲ့ တစ်နာရီ ကျော် လမ်းလျှောက်သွားရပြီး မိဘတွေက ကလေးတွေရဲ့ လိုအပ်ချက်တွေကို မပံ့ပိုးနိုင်တာကြောင့် အခုလို ကျောင်းထွက်တာတွေ များလာရတာဖြစ်တယ်လို့လည်း ပြောပါတယ်။


နော်ထူးထူး (Programme Director)
Karen Human Rights Group


ကရင်ပြည်နယ်က IDP စခန်းသုံးခုဖြစ်တဲ့ မာလာယု၊ မြပန်းဝတ်မှုံနဲ့ အင်လေးသာယာကွင်း စတဲ့ ဒုက္ခသည်စခန်းတွေမှာ စာသင်ကျောင်းမရှိတာကြောင့် နီးစပ်ရာရွာတွေက ကျောင်းတွေမှာသာ သွားရောက်ပညာသင် ကြားနေရတာပါ။


ကိုဝေလေး (Senior Advocacy Cooredinator)
Karen Human Rights Group


ကရင်ပြည်နယ် IDP စခန်းတွေကို ရောက်ရှိလာတဲ့ ကလေးအများစုဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်လာတာ ၂ နှစ်နီးပါး ရှိပြီဖြစ်သလို နေထိုင်ရာအတည်တကျမရှိတဲ့ ကလေးတွေကလည်း ကျောင်းပြောင်းရတာတွေအပြင် စာသင်ကျောင်းနဲ့ဝေးတာ၊ မိဘတွေက မပံ့ပိုးနိုင်တာတွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှုတွေရှိနေတယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေက ပြောပါတယ်ရှင်