အာဆီယံမွာ ျမန္မာကလုပ္ခလစာအနည္းဆံုးျဖစ္ၿပီး လစာတိုးေပးဖို႔ အစိုးရက လုပ္ေဆာင္သင့္

0
212

အာဆီယံနုိင္ငံေတြထဲမွာ ျမန္မာနိုင္ငံက လုပ္ခလစာ အသက္သာဆုံးျဖစ္ၿပီး ျပည္တြင္းမွာ လုပ္ခလစာေတြတုိးေပးဖုိ႔အတြက္ အစုိးရက ဥပေဒအတုိင္း လုပ္ေဆာင္သြားရမွာလည္းျဖစ္တယ္လုိ႔ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ နုိင္ငံျခားစီးပြားဆက္သြယ္ေရး ၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

အလုပ္အကုိင္အခြင္႔အလမ္း ဖန္းတီးေပးႏိုင္မႈထက္ အလုပ္လုိခ်င္တဲ႔ သူေတြကပုိမ်ားေနတာေၾကာင့္ ျမန္မာနုိင္ငံက အလုပ္သမားေတြ ျပည္ပကုိ သြားေရာက္လုပ္ကုိင္တာေတြ ရပ္တန္႔သြားေအာင္ နုိင္ငံတကာက ရင္းႏွီးျမွဳပ္ႏွံမႈေတြကုိ ဖိတ္ေခၚေနတာလည္း ျဖစ္တယ္လုိ႔ င္းႏွီးျမွဳပ္ႏွံမႈႏွင့္နုိင္ငံျခားစီးပြားဆက္သြယ္ေရး ၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးေအာင္နုိင္ဦး က ေျပာပါတယ္။

ဒါ့အျပင္ အာဆီယံနုိင္ငံေတြထဲမွာ ျမန္မာနိုင္ငံက လုပ္ခလစာ အသက္သာဆုံးျဖစ္ၿပီး အလုပ္သမားေတြကုိ လုပ္ခလစာေတြ တုိးေပးႏိုင္ဖို႔ကေတာ့ အစုိးရကေန ဥပေဒအတုိင္း လုပ္ေဆာင္သြားရမွာျဖစ္တယ္လုိိ႔လည္း ေျပာပါတယ္။

Soundbite    ဦးေအာင္နုိင္ဦး (အၿမဲတမ္းအတြင္း၀န္)

ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ နုိင္ငံျခား စီးပြားဆက္သြယ္ေရး ၀န္ႀကီးဌာန

ဒီမုိကေရစီနုိင္ငံမွာ အလုပ္သမားေတြအေနနဲ႔ လုိအပ္ခ်က္ကုိ ေတာင္းဆုိေနတာဟာ အစုိးရကုိ ယုံၾကည္လုိ႔ လုပ္ေဆာင္ေနတာျဖစ္ၿပီး အလုပ္သမားေတြ ဆႏၵျပတာေၾကာင္႔ ရင္ႏွီးျမွဳပ္ႏွံမႈေတြ ရပ္တန္နုိင္တယ္ဆုိတာဟာ မျဖစ္သင္႔ဘူးလုိ႔ တုိ႔မ်ဳိးဆက္ကြန္ရက္က ေျပာပါတယ္။

Soundbite  ကုိနႏၵစစ္ေအာင္ (ဒါရုိက္တာ)

                တုိ႔မ်ဳိးဆက္ကြန္ရက္

အမ်ဳိးသားေကာ္မတီက အနိမ့္ဆုံးလုပ္ခလစာကုိ  ႏွစ္ႏွစ္တစ္ႀကိမ္ ျပန္လည္ျပင္ဆင္ျပဌာန္းေပးေနတဲ့ အနည္းဆုံးအခေၾကးေငြ ႏႈန္းထားသစ္ကုိ ေမလ ၁၄ရက္ေန႔ က ၃၆၀၀ က်ပ္ကေန ၄၈၀၀ က်ပ္အျဖစ္ တုိးျမွင့္ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

အဲဒီလို အနည္းဆုံးခ အေၾကးေငြကုိ ျပင္ဆင္ သတ္မွတ္ေပးခဲ့ေပမယ့္ လက္ေတြ႕မွာ အလုပ္သမားေတြ အေနနဲ႔  လုံေလာက္မႈ မရွိတဲ့အေျခအေနေတြနဲ႔ ရင္ဆုိင္ေနရ တာေၾကာင္႔ အနည္းဆုံးအခေၾကးေငြ အေမရိကန္ ေဒၚလာ ၅ ေဒၚလာ တုိးျမွင္႔ ေတာင္းဆုိသြားမယ္လုိ႔ အလုပ္သမားအဖြဲအစည္းေတြက ေျပာပါတယ္ရွင္။

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက လုပ်ခလစာ အသက်သာဆုံးဖြစ်ပြီး ပြည်တွင်းမှာ လုပ်ခလစာတွေတိုးပေးဖို့အတွက် အစိုးရက ဥပဒေအတိုင်း လုပ်ဆောင်သွားရမှာလည်းဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးက ပေးပို့ထားပါတယ်။


အလုပ်အကိုင်အခွင့်အလမ်း ဖန်းတီးပေးနိုင်မှုထက် အလုပ်လိုချင်တဲ့ သူတွေကပိုများနေတာကြောင့် မြန်မာနိုင်ငံက အလုပ်သမားတွေ ပြည်ပကို သွားရောက်လုပ်ကိုင်တာတွေ ရပ်တန့်သွားအောင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာလည်း ဖြစ်တယ်လို့ င်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က ပြောပါတယ်။


ဒါ့အပြင် အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက လုပ်ခလစာ အသက်သာဆုံးဖြစ်ပြီး အလုပ်သမားတွေကို လုပ်ခလစာတွေ တိုးပေးနိုင်ဖို့ကတော့ အစိုးရကနေ ဥပဒေအတိုင်း လုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။


Soundbite ဦးအောင်နိုင်ဦး (အမြဲတမ်းအတွင်းဝန်)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန


ဒီမိုကရေစီနိုင်ငံမှာ အလုပ်သမားတွေအနေနဲ့ လိုအပ်ချက်ကို တောင်းဆိုနေတာဟာ အစိုးရကို ယုံကြည်လို့ လုပ်ဆောင်နေတာဖြစ်ပြီး အလုပ်သမားတွေ ဆန္ဒပြတာကြောင့် ရင်နှီးမြှုပ်နှံမှုတွေ ရပ်တန်နိုင်တယ်ဆိုတာဟာ မဖြစ်သင့်ဘူးလို့ တို့မျိုးဆက်ကွန်ရက်က ပြောပါတယ်။

Soundbite ကိုနန္ဒစစ်အောင် (ဒါရိုက်တာ)
တို့မျိုးဆက်ကွန်ရက်

အမျိုးသားကော်မတီက အနိမ့်ဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်ပြဌာန်းပေးနေတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားသစ်ကို မေလ ၁၄ရက်နေ့ က ၃၆၀ဝ ကျပ်ကနေ ၄၈၀ဝ ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလို အနည်းဆုံးခ အကြေးငွေကို ပြင်ဆင် သတ်မှတ်ပေးခဲ့ပေမယ့် လက်တွေ့မှာ အလုပ်သမားတွေ အနေနဲ့ လုံလောက်မှု မရှိတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရ တာကြောင့် အနည်းဆုံးအခကြေးငွေ အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ တိုးမြှင့် တောင်းဆိုသွားမယ်လို့ အလုပ်သမားအဖွဲအစည်းတွေက ပြောပါတယ်ရှင်။