ညႇဥ္းပမ္းႏွိပ္စက္ခံရတဲ့ ကေလးသူငယ္ေတြ႕ရွိခဲ့ရင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကေနလည္း တုိင္ၾကားႏိုင္

0
208

ညႇဥ္းပမ္းႏွိပ္စက္ခံရတဲ့ ကေလးသူငယ္ေတြေတြ႕ရွိခဲ့ရင္ လူမႈ၀န္ထမ္း႐ံုးအျပင္ သက္ဆိုင္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမွဴးကေနလည္း တိုင္ၾကားေဆာင္ရြက္ႏိုင္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ လူမႈ၀န္ထမ္းရံုးက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာေကာ္မတီကို ဖြဲ႕စည္းထားၿပီး ခရိုင္အဆင့္ ၿမိဳ႕နယ္အဆင့္ေတြလည္း ဖြဲ႕စည္းထားၿပီးျဖစ္တာေၾကာင့္ ကေလးငယ္ ညွင္းပန္းႏွိပ္စက္မႈေတြရွိရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက တဆင့္ တိုင္ၾကားႏိုင္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူမႈဝန္ထမ္း႐ုံးက ေျပာပါတယ္။

ဒါ့အျပင္ Hotline နံပါတ္ေတြကို ဆက္သြယ္လို႔ရႏိုင္မွာျဖစ္သလို ရန္ကုန္တိုင္းရံုးကို ဆက္သြယ္ခဲ့ရင္လည္း အခ်ိန္နဲ႔တစ္ေျပးညီ ျဖစ္ရပ္စီမံခန္႔ခြဲသူေတြကို လႊတ္ၿပီး လိုအပ္တာေတြ ေဆာင္ရြက္ေပး ေနတယ္လို႔လည္း ေျပာပါတယ္။

Soundbite; ေဒါက္တာေကသီေက်ာ္(ညႊန္ၾကားေရးမွဴး)

ရန္ကုန္တိုင္းေဒသႀကီး လူမႈ၀န္ထမ္းရံုး

ဒါ့အျပင္ ယာယီေစာင့္ေရွာက္ဖို႔ လိုအပ္ရင္လည္း ေခၚယူေစာင့္ေရွာက္ေပးထားမွာျဖစ္ၿပီး ကေလးအတြက္ အမွန္ တကယ္ေနထိုင္ဖို႔ မသင့္တဲ့ မိသားစုျဖစ္ေနရင္  ဌာနပိုင္အျဖစ္ ေစာင့္ေရွာက္ေပးထားတယ္လို႔လည္း ေျပာ ပါတယ္။

Soundbite; ေဒါက္တာေကသီေက်ာ္(ညႊန္ၾကားေရးမွဴး)

ရန္ကုန္တိုင္းေဒသႀကီး လူမႈ၀န္ထမ္းရံုး

ရပ္ကြက္၊ ၿမိဳ႕နယ္ေတြအတြင္း ကေလးသူငယ္ ညွင္းပမ္းႏွိပ္စက္ခံရမႈေတြရွိပါက  အိမ္နီးနားခ်င္း၊ ရပ္ရြာပံ့ပိုးသူေတြကေန တာ၀န္သိသိနဲ႔ တရားလိုျပဳ အမႈဖြင့္ႏိုင္မွာျဖစ္သလို လူမႈ၀န္ထမ္းအေနနဲ႔လည္း အမႈဖြင့္ေဆာင္ရြက္အေရးယူေနတာေတြရွိတယ္လို႕လည္းေျပာပါတယ္။

ကေလးသူငယ္ေတြကို ညွင္းပမ္းႏွိပ္စက္ခံရပါက  ကေလးသူငယ္ ဥပေဒပုဒ္မ ၆၆ ဃ အရ ေထာင္ဒဏ္ ၂ ႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ကေလးသူငယ္ အခြင့္အေရးဆိုင္ရာဥပေဒ ျပန္လည္ျပင္ဆင္ ျပဌာန္းၿပီးရင္ အခုထက္ ပိုမိုုျပင္းထန္မယ့္ ျပစ္ဒဏ္ေတြ ျဖစ္ႏိုင္တယ္လို႔လည္း ေျပာပါတယ္ရွင္။

ညှဉ်းပမ်းနှိပ်စက်ခံရတဲ့ ကလေးသူငယ်တွေ့ရှိခဲ့ရင် မြို့နယ်အုပ်ချုပ်ရေးမှူးကနေလည်း တိုင်ကြားနိုင်

ညှဉ်းပမ်းနှိပ်စက်ခံရတဲ့ ကလေးသူငယ်တွေတွေ့ရှိခဲ့ရင် လူမှုဝန်ထမ်းရုံးအပြင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ် ရေးမှူးကနေလည်း တိုင်ကြားဆောင်ရွက်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ လူမှုဝန်ထမ်းရုံးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပြီး ခရိုင်အဆင့် မြို့နယ်အဆင့်တွေလည်း ဖွဲ့စည်းထားပြီးဖြစ်တာကြောင့် ကလေးငယ် ညှင်းပန်းနှိပ်စက်မှုတွေရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တဆင့် တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ပြောပါတယ်။

ဒါ့အပြင် Hotline နံပါတ်တွေကို ဆက်သွယ်လို့ရနိုင်မှာဖြစ်သလို ရန်ကုန်တိုင်းရုံးကို ဆက်သွယ်ခဲ့ရင်လည်း အချိန်နဲ့တစ်ပြေးညီ ဖြစ်ရပ်စီမံခန့်ခွဲသူတွေကို လွှတ်ပြီး လိုအပ်တာတွေ ဆောင်ရွက်ပေး နေတယ်လို့လည်း ပြောပါတယ်။

Soundbite; ဒေါက်တာကေသီကျော်(ညွှန်ကြားရေးမှူး)
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး

ဒါ့အပြင် ယာယီစောင့်ရှောက်ဖို့ လိုအပ်ရင်လည်း ခေါ်ယူစောင့်ရှောက်ပေးထားမှာဖြစ်ပြီး ကလေးအတွက် အမှန် တကယ်နေထိုင်ဖို့ မသင့်တဲ့ မိသားစုဖြစ်နေရင် ဌာနပိုင်အဖြစ် စောင့်ရှောက်ပေးထားတယ်လို့လည်း ပြော ပါတယ်။

Soundbite; ဒေါက်တာကေသီကျော်(ညွှန်ကြားရေးမှူး)
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး

ရပ်ကွက်၊ မြို့နယ်တွေအတွင်း ကလေးသူငယ် ညှင်းပမ်းနှိပ်စက်ခံရမှုတွေရှိပါက အိမ်နီးနားချင်း၊ ရပ်ရွာပံ့ပိုးသူတွေကနေ တာဝန်သိသိနဲ့ တရားလိုပြု အမှုဖွင့်နိုင်မှာဖြစ်သလို လူမှုဝန်ထမ်းအနေနဲ့လည်း အမှုဖွင့်ဆောင်ရွက်အရေးယူနေတာတွေရှိတယ်လို့လည်းပြောပါတယ်။

ကလေးသူငယ်တွေကို ညှင်းပမ်းနှိပ်စက်ခံရပါက ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ ဃ အရ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပြန်လည်ပြင်ဆင် ပြဌာန်းပြီးရင် အခုထက် ပိုမိုပြင်းထန်မယ့် ပြစ်ဒဏ်တွေ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်ရှင်။