ယာဥ္အတြင္း ဝွက္ၿပီး သယ္ေဆာင္လာတဲ့ ေသနတ္ ၄ လက္ လား႐ိႈးမွာ ဖမ္းမိ

0
218

ရွမ္းျပည္နယ္၊ လား႐ိႈးၿမိဳ႕နယ္မွာ ယာဥ္အတြင္း ဝွက္ၿပီး သယ္ေဆာင္လာတဲ့ ေသနတ္ ၄ လက္နဲ႔ ဆက္စပ္ ပစၥည္းေတြကို  သိမ္းဆည္းရမိခ့ဲတယ္လို႔ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ေမလ ၁၄ ရက္ေန႔က တန္႔ယန္းၿမိဳ႕ဘက္ကေန လား႐ိႈးၿမိဳ႕ဘက္ကုိ တန္႔ယန္းၿမိဳ႕ေန အိုက္ဝင္း (၂၅ ႏွစ္) ေမာင္းႏွင္လာတဲ့  နစ္ဆန္ယာဥ္ကို ရဲတပ္ဖြဲ႔ဝင္ေတြက စစ္ေဆးခဲ့ရာမွာ ယာဥ္ေပၚပါ အမ်ဳိးသား ၄ ဦးအနက္ ၂ ဦးကို ေသနတ္ ၄ လက္နဲ႔အတူ ဆက္စပ္တဲ့ပစၥည္းေတြပါ ဖမ္းဆီရမိခဲ့ၿပီး ၂ ဦးက ထြက္ေျပး လြတ္ေျမာက္သြားပါတယ္။

ၾသစႀတီးယား ႏိုင္ငံထုတ္ ပစၥတိုေသနတ္ ၃ လက္နဲ႔ က်ည္အိမ္ ၆ ခု၊ အီတလီ ႏိုင္ငံထုတ္ ပြိဳင့္ 22 ေသနတ္ အရွည္ ၁ လက္နဲ႔ က်ည္အိမ္ ၂ ခု၊ စႏိုက္ပါ မွန္ေျပာင္း ၂ ခု၊ ပြိဳင့္ 22 က်ည္ ၇၅၀ ေတာင့္၊ ပြိဳင့္ 22 ေသနတ္အတို က်ည္အိမ္ ၂ ခု၊ ေသနတ္နဲ႔ စႏိုက္ပါမွန္ေျပာင္း ခ်ိတ္ဆက္တဲ့ သံကြင္း ၄ ခု၊ က်ည္အိမ္ထည့္ ေကာ္စြပ္ ၁ ခု၊ စနိုက္ပါျဖဳတ္/တပ္ L Key ေသး ၁ ခု၊ လက္ကိုင္ဖုန္း ၂ လုံး တို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။ ဖမ္းဆီးရမိခဲ့တဲ့ အမ်ိဳးသားႏွစ္ဦးကို အမႈဖြင့္ထားၿပီး ထြက္ေျပးသူ ႏွစ္ဦးကိုလည္း ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနပါတယ္။

ယာဉ်အတွင်း ဝှက်ပြီး သယ်ဆောင်လာတဲ့ သေနတ် ၄ လက် လားရှိုးမှာ ဖမ်းမိ


ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှာ ယာဉ်အတွင်း ဝှက်ပြီး သယ်ဆောင်လာတဲ့ သေနတ် ၄ လက်နဲ့ ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောပါတယ်။


မေလ ၁၄ ရက်နေ့က တန့်ယန်းမြို့ဘက်ကနေ လားရှိုးမြို့ဘက်ကို တန့်ယန်းမြို့နေ အိုက်ဝင်း (၂၅ နှစ်) မောင်းနှင်လာတဲ့ နစ်ဆန်ယာဉ်ကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ရာမှာ ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးအနက် ၂ ဦးကို သေနတ် ၄ လက်နဲ့အတူ ဆက်စပ်တဲ့ပစ္စည်းတွေပါ ဖမ်းဆီရမိခဲ့ပြီး ၂ ဦးက ထွက်ပြေး လွတ်မြောက်သွားပါတယ်။


သြစတြီးယား နိုင်ငံထုတ် ပစ္စတိုသေနတ် ၃ လက်နဲ့ ကျည်အိမ် ၆ ခု၊ အီတလီ နိုင်ငံထုတ် ပွိုင့် 22 သေနတ် အရှည် ၁ လက်နဲ့ ကျည်အိမ် ၂ ခု၊ စနိုက်ပါ မှန်ပြောင်း ၂ ခု၊ ပွိုင့် 22 ကျည် ၇၅၀ တောင့်၊ ပွိုင့် 22 သေနတ်အတို ကျည်အိမ် ၂ ခု၊ သေနတ်နဲ့ စနိုက်ပါမှန်ပြောင်း ချိတ်ဆက်တဲ့ သံကွင်း ၄ ခု၊ ကျည်အိမ်ထည့် ကော်စွပ် ၁ ခု၊ စနိုက်ပါဖြုတ်/တပ် L Key သေး ၁ ခု၊ လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသားနှစ်ဦးကို အမှုဖွင့်ထားပြီး ထွက်ပြေးသူ နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။