PTTEP ကုမၸဏီက ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္ ၁၀၀ ကို ခြဲစိတ္ကုသ ေပးမယ္

0
206

PTTEP ကုမၸဏီက ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္ ၁၀၀ ကို ခြဲစိတ္ကုသေပးဖို႔ လာမယ့္ ေအာက္တိုဘာလမွာ စတင္ေရြးခ်ယ္ကုသေပးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္ ၁ ဦးကို အေမရိကန္ေဒၚလာ တစ္ေထာင္ႏႈန္းနဲ႔ ကေလးအေယာက္ ၁၀၀ အတြက္ ေဒၚလာ ၁ သိန္းကို PTTEP ကုမၸဏီက အကုန္က်ခံ ခြဲစိတ္ကုသေပးသြားမွာ ျဖစ္ပါတယ္။

PTTEP ကုမၸဏီဟာ အေျခခံအေဆာက္အအံု လိုအပ္ခ်က္ေတြ၊ ပညာေရး၊ က်န္းမာေရးနဲ႔ ယဥ္ေက်းမႈ စတဲ့ ျပည္သူအက်ဳိးျပဳ လုပ္ငန္းေတြကို အဓိကထားလုပ္ေဆာင္ေနၿပီး ကုမၸဏီရဲ႕ ႏွစ္ ၃၀ ျပည့္အထိမ္း အမွတ္အျဖစ္ အခုလို ႏုတ္ခမ္းကြဲ အာေခါင္ကြဲကေလးငယ္ေတြကို ပထမဆုံးအႀကိမ္ ခြဲစိတ္ကုသေပးမွာ ျဖစ္ပါတယ္။

Mr.Piya Sukumpanumet(အေထြေထြမန္ေနဂ်ာ)

ပီတီတီအီးပီျမန္မာ့စီမံကိန္း

ျမန္မာႏိုင္ငံက ႏုတ္ခမ္းကြဲ အာေခါင္ကြဲ ကေလးငယ္ေတြကို ခြဲစိတ္ကုသေပးေနတဲ့ Alliance for Smiles အဖြဲ႕ဟာ ကေလးငယ္ေပါင္း ၇၀၀ ေက်ာ္ကိုခြဲစိတ္ကုသေပးခဲ့ၿပီး အခုႏွစ္အတြက္ ႏုတ္ခမ္းကြဲ အာေခါင္ကြဲ ကေလးငယ္ ၂၀၀ ကို ခြဲစိတ္ကုသေပးခဲ့ၿပီးလည္းျဖစ္ပါတယ္။

Ms.Tina Fischlin(Mission Director)

Alliance For Smile

ဒါ့အျပင္ ခြဲစိတ္ကုသမယ့္ ကုေလးငယ္ေတြရဲ႕အသက္ဟာ အနည္းဆံုး ၁၀လ ရွိရမွာျဖစ္ၿပီး အာေခါင္ကြဲတဲ့ ကေလးငယ္ဆိုရင္ စကား စမေျပာတတ္ခင္ ခြဲစိတ္ကုသႏိုင္ရင္  ပိုေကာင္းတယ္လို႔လည္း တိုက္တြန္းထားပါတယ္။ ရန္ကုန္ၿမိဳ႕အပါအ၀င္ ျမစ္ႀကီးနား၊ စစ္ကိုင္း၊ ၿမိတ္ စတဲ့ ၿမိဳ႕ေလးၿမိဳ႕က ႏုတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္ေတြကို ေရြးခ်ယ္သြားမယ္လို႔လည္း ေျပာပါတယ္ရွင္။

PTTEP ကုမ္ပဏီက နုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၀ဝ ကို ခွဲစိတ်ကုသ ပေးမယ်


PTTEP ကုမ္ပဏီက နုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၀ဝ ကို ခွဲစိတ်ကုသပေးဖို့ လာမယ့် အောက်တိုဘာလမှာ စတင်ရွေးချယ်ကုသပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။


နုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁ ဦးကို အမေရိကန်ဒေါ်လာ တစ်ထောင်နှုန်းနဲ့ ကလေးအယောက် ၁၀ဝ အတွက် ဒေါ်လာ ၁ သိန်းကို PTTEP ကုမ္ပဏီက အကုန်ကျခံ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်ပါတယ်။


PTTEP ကုမ္ပဏီဟာ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှု စတဲ့ ပြည်သူအကျိုးပြု လုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်နေပြီး ကုမ္ပဏီရဲ့ နှစ် ၃၀ ပြည့်အထိမ်း အမှတ်အဖြစ် အခုလို နုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ်တွေကို ပထမဆုံးအကြိမ် ခွဲစိတ်ကုသပေးမှာ ဖြစ်ပါတယ်။


Mr.Piya Sukumpanumet(အထွေထွေမန်နေဂျာ)
ပီတီတီအီးပီမြန်မာ့စီမံကိန်း


မြန်မာနိုင်ငံက နုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်တွေကို ခွဲစိတ်ကုသပေးနေတဲ့ Alliance for Smiles အဖွဲ့ဟာ ကလေးငယ်ပေါင်း ၇၀ဝ ကျော်ကိုခွဲစိတ်ကုသပေးခဲ့ပြီး အခုနှစ်အတွက် နုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၂၀ဝ ကို ခွဲစိတ်ကုသပေးခဲ့ပြီးလည်းဖြစ်ပါတယ်။


Ms.Tina Fischlin(Mission Director)
Alliance For Smile


ဒါ့အပြင် ခွဲစိတ်ကုသမယ့် ကုလေးငယ်တွေရဲ့အသက်ဟာ အနည်းဆုံး ၁၀လ ရှိရမှာဖြစ်ပြီး အာခေါင်ကွဲတဲ့ ကလေးငယ်ဆိုရင် စကား စမပြောတတ်ခင် ခွဲစိတ်ကုသနိုင်ရင် ပိုကောင်းတယ်လို့လည်း တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့အပါအဝင် မြစ်ကြီးနား၊ စစ်ကိုင်း၊ မြိတ် စတဲ့ မြို့လေးမြို့က နုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို ရွေးချယ်သွားမယ်လို့လည်း ပြောပါတယ်ရှင်။