ဦးစားပေးအဆင့် ငလျင်ဒဏ်သင့် ပုဂံပုထိုး ၃၆ ဆူကို ပြင်ဆင်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိ ကြာမြင့်နိုင်

0
323

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ထိခိုက်ပျက်စီးတဲ့ စေတီတွေထဲက ပထမဦးစားပေး ပြင်ဆင်ဖို့ သတ်မှတ်ထားတဲ့ ပုထိုးတော်ကြီး ၃၆ ဆူကို အကြီးစားပြင်ဆင်မှုလုပ်ဖို့ အချိန် သုံးနှစ်ကနေ ငါးနှစ်အထိ ကြာမြင့်နိုင်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

bagan

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တောင်တွင်းကြီးမဲဆန္ဒနယ်က ဦးမင်းသိန်းက ပုဂံ စေတီပုထိုးတွေ ပြင်ဆင်နေမှုနဲ့ပတ်သက်ပြီး မေးမြန်းချကိကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖြေကြားရာမှာ ခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ရှိတဲ့ငလျင်ကြောင့် ပုဂံ စေတီပုထိုးပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့တာပါ။ အဲဒီထဲကမှ ၃၆ ဆူကို အကြီးစားပြင်ဆင်မှုလုပ်ဖို့၊ ၅၃ ဆူကို အလတ်စားပြင်ဆင်မှုလုပ်ဖို့နဲ့ အဆူ ၃၀၀ ကို အသေးအဖွဲ ပြင်ဆင်မှုလုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ပုဂံဒေသမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်မှာ ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပုဂံဒေသ ပြန်လည်တည်ဆောက်ရေးအတွက်လည်း စုပေါင်းကွပ်ကဲရုံးကိုလည်း ဖွဲ့စည်းထားသလို အလှူငွေအနေနဲ့ မြန်မာငွေ သန်း ၄၆၀၀၊ အမေရိကန်ဒေါ်လာ ကိုးသောင်းကျော်ရထားပြီး နောက်ထပ် ဒေါ်လာ ၁ သန်းရရှိဖို့ ကတိရထားတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)