ရခိုင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေကို အင်ဒိုနီးရှား NGO အဖွဲ့ အကူအညီ ထောက်ပ့

0
322

အင်ဒိုနီးရှားနိုင်ငံက Dompet Dhuafa အဖွဲ့ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ လိုအပ်တဲ့ပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ngov

Dompet Dhuafa အဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းနဲ့ မွန်းလွဲပိုင်းအချိန်တွေမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် ကယ်ဆယ်ရေးစခန်းအတွက် ဆန်အိတ် ၇၀၊ ဒါးပိုင် ကယ်ဆယ်ရေးစခန်းအတွက် ဆန်အိတ် ၇ အိတ် ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မင်းဂံ ပြည်တွင်းအိုးမဲ့အိမ်မဲ့ပြည်သူတွေ ခိုလှုံရာစခန်းကို လှည့်လည်ကြည့်ရှုပြီးနောက်မှာလည်း ခေမာမဏ္ဍိုင် ပရဟိတ ဘုန်းတော်ကြီးကျောင်းဆရာတော်ကို နဝကမ္မငွေကျပ် သိန်း ၃၀ လှူဒါန်းခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)