ရန်ကုန်မြို့တွင်း လူကူးခုံးကျော်တံတား ရှစ်စင်း အသစ်တည်ဆောက်မှာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်မယ်

0
277

၂၀၁၇/၁၈ ငွေလုံးငွေရင်းအသုံးစားရိတ်နဲ့ ပတ်သက်ပြီး လာမယ့် တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

15415929_1028840143909666_48574222_n

၂၀၁၇/၁၈ ငွေလုံးငွေရင်း အသုံးစားရိတ်နဲ့ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုမှာ အခုလိုပြောကြားလိုက်တာပါ။ လာမယ့် ဘတ်ဂျက်ထဲမှာ ရန်ကုန်မြို့အတွင်း လူကူးခုံးကျော်တံတား ရှစ်စင်းဆောက်လုပ်မှာဖြစ်ပြီး တံတား တစ်စင်းကို သိန်းပေါင်းတစ်သောင်း တောင်းခံထားတဲ့ အတွက် အဲဒီတောင်းခံငွေပမာဏဟာ များလွန်းတဲ့တာကြေင့် အခုလို လွှတ်တော်မှာ ဆွေးနွေးဖို့ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅/၁၆ ဘတ်ဂျက်တုံးက ဗဟန်း ၃ လမ်းမှာ ဂုံးကျော်တံတားတစ်ဆင်း ဆောက်ခဲ့ရာမှာ စက်လှေကားပါ ပါဝင်ပြီးကုန်ကျစားရိတ် မြန်မာငွေသိန်းနှစ်ထောင်၊ ကျပ်သန်းနှစ်ရာ ကုန်ကျခဲ့ရာမှာ အဲဒီကုန်ကျစားရိတ်ဟာလည်း များလွန်းနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပြီး အခုဆောက်လုပ်မယ့် တံတားတစ်စီးရဲ့ တန်ဖိုးဟာ သိန်းပေါင်းတစ်သောင်းအထိ မြင့်တက်ခဲ့ပြီး တံတားရှစ်စင်းအတွက် သိန်းပေါင်းရှစ်သောင်းကုန်ကျမှာ ဖြစ်တဲ့အတွက် လုံးဝလက်မခံနိုင်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)