လုံခြုံရေးအရ မိုးလုံလေလုံ အာဇာနည်ဗိမာန် တည်ဆောက်ဖို့မလိုသေးဘူးလို့ ပြည်ထောင်စုဝန်ကြီးပြော

0
608

၂၀၁၇ ခုနှစ်မှာ ပြုလုပ်မယ့် အကြိမ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနားအထိ လက်ရှိအာဇာနည်ဗိမာန်ကို ဒီတိုင်းပဲ ဆက်လက်ထားရှိသွားပြီး မိုးလုံလေလုံ အာဇာနည်ဗိမာန်တစ်ခု တည်ဆောက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

memorial

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အခမ်းအနားမှာ မြိုင် မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းရဲ့ အာဇာနည်ကုန်းမြေနေရာတွင် ခန့်ညားထည် ဝါသော အာဇာနည် ဗိမာန်ကြီးတစ်ခု ၂၀၁၇ ခုနှစ် အာဇာနည်နေ့အမီတည်ဆောက်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို အဲဒီလို ပြန်လည်ဖြေကြားခဲ့တာပါ။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အုတ်ဂူတွေကို ၁၉၆၈ -၆၉ ခုနှစ်တွေမှာ မိုးလုံလေလုံအဆောင်ကြီးထဲမှာ ထားရှိခဲ့ပြီး ၁၉၈၃ ခုနှစ်က အာဇာနည်းဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်မှာ အာဇာနည်ဗိမာန်ကြီးတစ်ခုလုံး ပျက်စီးပြီး အာဇာနည်ကုန်းဘဝကို ရောက်ရှိခဲ့တာကြောင့် ဗုံးခွဲမခံရခင်ကလို မိုးလုံလေလုံနဲ့ ခန့်ညားထည်ဝါတဲ့ အာဇာနည်ဗိမာန်တစ်ခု ဆောက်ဖို့ အစီအစဉ် ရှိမရှိ ဦအောင်ခင်ဝင်းက မေးမြန်းခဲ့ပါတယ်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက အာဇာနည်ဗိမာန်ကို ဒီနှစ် အာဇာနည်နေ့မတိုင်ခင် ပြင်ဆင်ခဲ့တာတွေရှိခဲ့တာကြောင့် လက်ရှိမှာ အသွင်သဏ္ဌာန်ခန့်ညားပြီး လုံခြုံရေးအရ မိုးလုံလေလုံဆောင်ရွက်ဖို့လည်း မလိုအပ်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)