ချောင်းဦးမှာ ၁၂ ဘီးကား တိမ်းမှောက်ပြီး လူ နှစ်ဦး ဒဏ်ရာပြင်းထန်

0
321

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖရဲသီးသယ်ဆောင်လာတဲ့ ၁၂ ဘီးကားတစ်စီး တိမ်းမှောက်ခဲ့ပါတယ်။

chaungoo

ချောင်းဦးမြို့မရဲစခန်းကို MCN သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ်မှာ ဒုရဲမှူး အောင်ဆန်းဦးက အဲဒီလို အတည်ပြု ပြောကြားခဲ့တာပါ။

အခုတိမ်းမှောက်ခဲ့တဲ့ ၁၂ ဘီးကားဟာ ချောင်းဦးမြို့နယ်ထဲကထွက်တဲ့ ဖရဲသီးတွေကို မန္တလေးမြို့ကို ပို့ဖို့ အသွားမှာ ချောင်းဦးမြို့နယ် တံတား အမှတ် ၁/၆၃ တံတားအောက်မှာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

chaungoo2

၁၂ ဘီးကားပေါ်မှာ လူသုံးဦးလိုက်ပါစီးနင်းခဲ့ပြီး သူတို့ထဲက နှစ်ဦးက ဒဏ်ရာပြင်းထန်ပေမဲ့ တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိဘူးလို့လည်း ချောင်းဦးမြို့မရဲစခန်းက ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် ရဲစခန်းက ဥပဒေပုဒ်မ -၃၃၇ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)