ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးဖို့ရှိ

0
253

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား အလွတ်သဘော အထူးအစည်းအဝေးတစ်ရပ် ပြလုပ်ဖို့ရှိနေပါတယ်။

maungdaw

အဲဒီအစည်းအဝေးကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ကိစ္စဆွေးနွေးဖို့ တခြားနိုင်ငံတွေကို ဖိတ်ခေါ်တာဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ လာရောက်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်မှာလည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်တို့ ဘာလီမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)