ရန်ကုန်မြို့ရှိ တံတားလေးစင်းကို ဆိပ်ကမ်းကုန်ချိန် လက်မှတ်နဲ့သာ ဖြတ်သန်းခွင့် ပြုမှာဖြစ်

0
237

ရန်ကုန်မြို့ရှိ တံတားလေးစင်းကို ဆိပ်ကမ်းကုန်ချိန်လက်မှတ်နဲ့သာ ဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီး ကတ္တားချိန်တာတွေ မလုပ်တော့ဘူးလို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနညွန်ကြားရေးမှူး (မြို့ပြ)နဲ့ သက်ဆိုင်ရာတံတားတွေကို အကြောင်းကြားစာပေးပို့ထားပါတယ်။

tt

ရန်ကုန်မြို့မှာရှိတဲ့ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတား၊ ဒဂုံတံတားတွေမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းချိန်မှာ
ပိတ်ဆို့တာတွေ မဖြစ်စေဖို့အတွက် ကုန်တင်ယာဉ်အမျိုးမျိုးကို ဆိပ်ကမ်းတွေမှ ကုန်ချိန်လက်မှတ်နဲ့သာ ဖြတ်သန်းခွင့်ပြုသွားမှာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်ကုန်တင်ယာဉ်တွေ ည ၉ နာရီမှ မနက် ၆ နာရီအတွင်းသာ သတ်မှတ်ထား တဲ့လမ်းတွေကသာဖြတ်သန်း သွားလာခွင့်ပြုထားတာကြောင့် ကုန်တင်ယာဉ်တွေ တံတားဖြတ်သန်းချိန်မှာ ပိတ်ဆို့မှုတွေမဖြစ်ပေါ်စေဖို့ အကြောင်းကြားစာ ပေးထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)