ကူညီပါရစေကို အယုံအကြည်ကို မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ပြောပြီ

0
315

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကူညီပါရစေကို အယုံအကြည်ကို မရှိဘူးလို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောဆိုလိုက်ပါတယ်။

police

ဒီဇင်ဘာလ ၁၁ ရက်နေ့ညက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် အဲဒီလိုပြောဆိုလိုက်တာပါ။ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကားနဲ့ပြန်လာချိန်မှာ တက္ကစီအနက်ရောင်တစ်စီးနဲ့ လူတစ်စုက ကားပေါ်က ဆင်းခိုင်းပြီး ရိုက်နှက် သတ်ဖြတ်ဖို့ ခြိမ်းခြောက်နေစဉ် သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခဲ့ပေမယ့် ရဲစခန်းက တုံ့ပြန်မှုတစ်စုံ တစ်ရာမရှိခဲ့တာပါ။

ဒီလိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေလက်က လွတ်မြောက်အောင်ကြိုးစားပြီး ရဲ စခန်းရှေ့ကို ရောက်ရှိအောင် ကားမောင်းခဲ့ပေမယ့် ရဲစခန်းက ၀င်းတံခါးကို ပိတ်ထားခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ရေးသားထားပါတယ်။ အဲဒီရဲစခန်းရှေ့မှာ နောက်လိုက်လာသူတွေက ဆင်းရိုက်ရင် တောင် စခန်းရှေ့မှာ သေနေလောက်ပြီဖြစ်လို့ ကူညီပါရစေကို အယုံအကြည်ကို မရှိတော့ဘူးလို့ ပြောဆိုခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး MCN သတင်းဌာနက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဒီကိစ္စကို တိုင်းဒေသကြီးရဲတပ်ဖွဲ့ကသာ ပြောဆိုနိုင်လိမ့်မယ်လို့ တာဝန်ကျရဲတပ်ဖွဲ့က ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)