NCA ချုပ်ဆိုထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ လတ်တလော စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်

0
277

NCA စာချုပ်ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက လတ်တလောနိုင်ငံရေး၊ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန်နိုင်ခဲ့ပြီး စာချုပ်ပါ ကတိကဝတ်အတိုင်း အကောင်အထည်ဖော်မှုလုပ်ငန်းကို ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်သွားဖို့လည်း မူဝါဒတွေချမှတ်နိုင်ခဲ့ပါတယ်။

15338861_1189945124431706_5318596042819918785_n

ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်ချက်ထရီယံဟိုတယ်မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA)စာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)နှင့် လုပ်ငန်းအဖွဲ့ (PPWET/CT)တို့ရဲ့ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ အဲဒီမူဝါဒတွေကို ချမှတ်နိုင်ခဲ့တာပါ။

အဲဒီမူဝါဒတွေထဲမှာ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ခေါင်းဆောင်ကို မဆို အကြမ်းဖက်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အဖြစ် သတ်မှတ် ဖို့ဆောင်ရွက်နေမှုတွေဟာ လက်ရှိကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေမှုတွေကို ထိခိုက်စေနိုင်တဲ့ အတွက် ဆန့်ကျင်ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)