ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ကို စတင်သွားရောက်စစ်ဆေး

0
315

တစ်ချိန်တည်းမှာပင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက် ဦးဆောင်သည့် အဖွဲ့ဝင်များသည် ငါးခူရကျေးရွာရှိ အစ္စလာမ်ဘာသာဝင်မိသားစုများအား သီးခြားတွေ့ဆုံ၍ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့သည်။

rakhine

ကော်မရှင်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စစ်တွေကို ရောက်ရှိပြီ အကြမ်းဖက်မှုဖြစ်စဉ် မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ရပ်မိရပ်ဖငါးဦးနဲ့တွေ့ဆုံခဲ့သလို အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ ပွင့်ဖြူချောင်း၊ ပြောင်ပိုက် ကျေးရွာတွေကိုလည်း သွားရောက်စစ်ဆေးခဲ့ပါတယ်။

rakhine2

ဒါ့အပြင် ညနေပိုင်းမှာလည်း ဝါးပိတ်ကျေးရွာကို သွားရောက်ပြီး ကျေးရွာမီးလောင်မှုဖြစ်စဉ်နဲ့ လက်နက်တချို့ ပြန်လည်သိမ်းဆည်းရရှိတဲ့ နေရာတွေကို အသေးစိတ်စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက်မှာ ဝါးပိတ်ရွာအနီးက ကျီးကန်ပြင်ကွပ်ကဲမှုဌာနချုပ် ကင်းစခန်းကို ရောက်ရှိပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု လက်နက်လုယူမှု ကိစ္စရပ်တွေကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စစ်ဆေးမှု အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီ တင်ပြအစီရင်ခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)