ဖက်ဒရယ်ပြည်ထောင်စုကို လက်နက်စွဲကိုင်တိုက်ခိုက်ပြီး တည်ဆောက်လို့မရဘူးလို့ ဒုသမ္မတ ပြော

0
292

ဖက်ဒရယ်ပြည်ထောင်စုကို လက်နက်စွဲကိုင် တိုက်ခိုက်ပြီး တည်ဆောက်လို့မရနိုင်ဘူးလို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

vicepresident

ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး၊ အခြားအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ မူဆယ်မြို့က စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံစဉ်မှာ အဲဒီလို ပြောကြားခဲ့တာပါ။

vicepresident3

စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ လက်နက်ကိုင်နည်းလမ်းကို ကျင့်သုံးခဲ့ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးကြာတာတောင် အဖြေမထွက်သေးကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို တံခါးခွင့်ထားကြောင်းပြောဆိုခဲ့ပါတယ်။

ဒုတိယသမ္မတဦးဆောင်တဲ့ အဖွဲ့ဟာ မူဆယ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနဲ့ စိန့်ပီတာ ခရစ်ယာန် ဘုရားကျောင်းတို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ဆုံအားပေးပြီး အကူအညီ တွေထောက်ပံ့ခဲ့သလို မူဆယ်ခရိုင်ရဲတပ်ဖွဲ့ အောင်ဆန်းသူရိယအေးချိုခန်းမမှာလည်း တိုက်ပွဲဝင်၊ ကျဆုံး၊ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)