Gongs & Skins ႐ုိက္ခတ္တူရိယာစံု ဂီတေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕မွာ ေဖ်ာ္ေျဖခဲ့ (႐ုပ္/သံ)

0
964

ႏိုင္ငံတကာ ဂီတပညာရွင္ေတြနဲ႔ တိုင္းရင္းသားေတြပူးေပါင္းၿပီး Gongs & Skins ႐ုိက္ခတ္တူရိယာစံု ဂီတေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCNသတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ဗမာ (ဆုိင္းဝိုင္း)၊ ကရင္၊ ရခိုင္ႏွင့္ ရွမ္း စတဲ့တိုင္းရင္းသား ႐ုိက္ခတ္တူရိယာ အတီးဂီတပညာရွင္ေတြနဲ႔ ကေနဒါ၊ တ႐ုတ္၊ဒိန္းမတ္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ မေလးရွားနဲ႔ ပိုလန္ႏိုင္ငံတို႔က ႐ုိက္ခတ္တူရိယာ ဂီတပညာရွင္ေတြပူးေပါင္းၿပီး ႐ုိက္ခတ္တူရိယာ ဂီတေဖ်္ာေျဖပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔ ညေနက ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းျခံမွာ ျပဳလုပ္ခဲ့ပါတယ္။

Soundbites- ေစာဖိုးခြား

႐ုိက္ခတ္တူရိယာ ႐ုိးရာအစဥ္အလာဟာ အေရွ႕ေတာင္အာရွရဲ႕ ရတနာတစ္ပါးျဖစ္ၿပီး ျမန္မာႏိုင္ငံဟာ မတူညီတဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စု မ်ားစြာရွိတဲ့အတြက္ ကိုယ္ပိုင္႐ုိက္ခတ္တူရိယာ မ်ိဳးကြဲေပါင္းမ်ားစြာနဲ႔ ပံုစံမ်ိဳးစံုကို ထူးျခားစြာ ပိုင္ဆိုင္ထားတာပါ။

Soundbites- Franz Xaver Augustin (Director)
Goethe-Institute Myanmar

ျမန္မာမွာဆိုရင္လည္း ႐ုိက္ခတ္တူရိယာ ဂီတဟာဆိုင္း၀ုိင္း တစ္ခုတည္းမဟုတ္ပါဘူး။ တိုင္းရင္းသားမ်ိဳးႏြယ္စုေတြရဲ႕ ဂီတတူရီယာနဲ႔ ဂီတမ်ိဳးစံုရွိပါတယ္။ အဲ့ဒီခါက်ေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ တျခားမတူညီတဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စုေတြက ဂီတပညာရွင္ေတြနဲ႔ ေပါင္းစပ္ေခၚေဆာင္ဖို႔ ရည္ရြယ္ထားခဲ့တာပါ။ အခုခ်ိန္မွာေတာ့ သူတို႔အေနနဲ႔ တိုင္းရင္းသားမ်ိဳးႏြယ္စု ေလးခုျဖစ္တဲ့ ရခိုင္ပါမယ္၊ ရွမ္းပါမယ္။ ဗမာပါမယ္၊ ကရင္ပါမယ္။ ဒီတိုင္းရင္းသားဂီတပညာရွင္ေတြနဲ႔ ဂီတအမ်ိဳးအစားေတြ ေပါင္းစပ္ၿပီး ဒီပြဲေလးကို စီစဥ္ခဲ့တာပါ။

Gongs & Skins ဂီတေဖ်ာ္ေျဖပြဲေတြကို ဂ်ာမန္လူမ်ိဳး ႐ုိက္ခတ္တူရိယာ အတီးကၽြမ္းက်င္ပညာရွင္ေတြက ရန္ကုန္မွာ က်င္းပခဲ့သလို ႏိုဝင္ဘာလအတြင္းမွာ ကရင္ျပည္နယ္ ဘားအံၿမိဳ႕မွာ ထပ္မံျပဳလုပ္သြားဖို႔ရွိေနတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Gongs & Skins ရိုက်ခတ်တူရိယာစုံ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ဖျော်ဖြေခဲ့

နိုင်ငံတကာ ဂီတပညာရှင်တွေနဲ့ တိုင်းရင်းသားတွေပူးပေါင်းပြီး Gongs & Skins ရိုက်ခတ်တူရိယာစုံ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ဗမာ (ဆိုင်းဝိုင်း)၊ ကရင်၊ ရခိုင်နှင့် ရှမ်း စတဲ့တိုင်းရင်းသား ရိုက်ခတ်တူရိယာ အတီးဂီတပညာရှင်တွေနဲ့ ကနေဒါ၊ တရုတ်၊ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ မလေးရှားနဲ့ ပိုလန်နိုင်ငံတို့က ရိုက်ခတ်တူရိယာ ဂီတပညာရှင်တွေပူးပေါင်းပြီး ရိုက်ခတ်တူရိယာ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။

Soundbites- စောဖိုးခွား

ရိုက်ခတ်တူရိယာ ရိုးရာအစဉ်အလာဟာ အရှေ့တောင်အာရှရဲ့ ရတနာတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံဟာ မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စု များစွာရှိတဲ့အတွက် ကိုယ်ပိုင်ရိုက်ခတ်တူရိယာ မျိုးကွဲပေါင်းများစွာနဲ့ ပုံစံမျိုးစုံကို ထူးခြားစွာ ပိုင်ဆိုင်ထားတာပါ။

Soundbites- Franz Xaver Augustin (Director)
Goethe-Institute Myanmar

မြန်မာမှာဆိုရင်လည်း ရိုက်ခတ်တူရိယာ ဂီတဟာဆိုင်းဝိုင်း တစ်ခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဂီတတူရီယာနဲ့ ဂီတမျိုးစုံရှိပါတယ်။ အဲ့ဒီခါကျတော့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တခြားမတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေက ဂီတပညာရှင်တွေနဲ့ ပေါင်းစပ်ခေါ်ဆောင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ အခုချိန်မှာတော့ သူတို့အနေနဲ့ တိုင်းရင်းသားမျိုးနွယ်စု လေးခုဖြစ်တဲ့ ရခိုင်ပါမယ်၊ ရှမ်းပါမယ်။ ဗမာပါမယ်၊ ကရင်ပါမယ်။ ဒီတိုင်းရင်းသားဂီတပညာရှင်တွေနဲ့ ဂီတအမျိုးအစားတွေ ပေါင်းစပ်ပြီး ဒီပွဲလေးကို စီစဉ်ခဲ့တာပါ။

Gongs & Skins ဂီတဖျော်ဖြေပွဲတွေကို ဂျာမန်လူမျိုး ရိုက်ခတ်တူရိယာ အတီးကျွမ်းကျင်ပညာရှင်တွေက ရန်ကုန်မှာ ကျင်းပခဲ့သလို နိုဝင်ဘာလအတွင်းမှာ ကရင်ပြည်နယ် ဘားအံမြို့မှာ ထပ်မံပြုလုပ်သွားဖို့ရှိနေတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)