ေနရပ္ျပန္မယ့္သူ ဒုတိယအသုတ္ ၂၀၉၅ ဦးကို လက္ခံမယ္

0
751

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြကေန ေနရပ္ျပန္လိုသူ ၂၂၆၀ ကို ပထမအသုတ္အေနနဲ႔ ႏိုဝင္ဘာလလယ္မွာ ငါးခူရေရလမ္းက စတင္ေခၚယူမွာျဖစ္ၿပီး ဒုတိယအသုတ္အျဖစ္ ၂၀၉၅ ဦးကို ေတာင္ၿပိဳလက္ဝဲ ကုန္းလမ္းက ေခၚယူမွာ ျဖစ္ပါတယ္။

 

ျပည္ထဲေရးဝန္ႀကီးဌာနကို ေနရပ္ျပန္မယ့္သူ ၈၀၃၂ ဦး စာရင္းေပးခဲ့ၿပီး အဲဒီအထဲက လူ ၅ ေထာင္ကို စိစစ္ၿပီးျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူက ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ေနရပ္ျပန္သူေတြ လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံနဲ႔ ညိွႏႈိင္းထားၿပီး ျဖစ္ေၾကာင္း၊ ေကာက္ဘဇားမွာ ႐ုံးစိုက္တဲ့ ဒုကၡသည္ဆိုင္ရာ ေကာ္မရွင္နာ ေခါင္းေဆာင္တဲ့ Special third force ကို ဘဂၤလားေဒ့ရွ္ဘက္မွာ ဖြဲ႔ထားေၾကာင္းနဲ႔ အဖြဲ႔ဝင္ ၉ ဦးရွိေၾကာင္းလည္း ဦးျမင့္သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်ပြန်မယ့်သူ ဒုတိယအသုတ် ၂၀၉၅ ဦးကို လက်ခံမယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်လိုသူ ၂၂၆၀ ကို ပထမအသုတ်အနေနဲ့ နိုဝင်ဘာလလယ်မှာ ငါးခူရရေလမ်းက စတင်ခေါ်ယူမှာဖြစ်ပြီး ဒုတိယအသုတ်အဖြစ် ၂၀၉၅ ဦးကို တောင်ပြိုလက်ဝဲ ကုန်းလမ်းက ခေါ်ယူမှာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကို နေရပ်ပြန်မယ့်သူ ၈၀၃၂ ဦး စာရင်းပေးခဲ့ပြီး အဲဒီအထဲက လူ ၅ ထောင်ကို စိစစ်ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နိုဝင်ဘာလ ၁၁ ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

နေရပ်ပြန်သူတွေ လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ညှိနှိုင်းထားပြီး ဖြစ်ကြောင်း၊ ကောက်ဘဇားမှာ ရုံးစိုက်တဲ့ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာ ခေါင်းဆောင်တဲ့ Special third force ကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဖွဲ့ထားကြောင်းနဲ့ အဖွဲ့ဝင် ၉ ဦးရှိကြောင်းလည်း ဦးမြင့်သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)