
0
694




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖားဆောင်းမှာ ခဲကျင်းမြေစာပြိုကျမှု လူ ၄ ဦးကို ကယ်တင်နိုင်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာ သတ္တုတူးဖော်ရေး ကုမ္ပဏီပိုင် ခဲကျင်းအတွင်း ပိတ်မိနေတဲ့ အမျိုးသား ၄ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က ခဲကျင်းအတွင်း ၁၀ဝ၀ ပေခန့်မှာ မြေစာပြိုကျပြီး အမျိုးသား ၄ ဦး ပိတ်မိနေကြောင်း ကုမ္ပဏီတာဝန်ခံ ပြေသိန်းထွန်းက အကြောင်းကြားခဲ့ပါတယ်။

နယ်မြေခံတပ်မတော်သားတွေ၊ ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဖားဆောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ လူ ၄ ဦးစလုံးကို ထိခိုက်မှု မရှိဘဲ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)