ရသင့္ရထိုက္တဲ့ ေနရပ္ျပန္သူေတြ ႏိုင္ငံသားအျဖစ္ လ်င္လ်င္ျမန္ျမန္ ရရွိမယ္

0
635

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက ေနရပ္ျပန္သူေတြ ႏိုင္ငံသား ျဖစ္မႈကို ဥပေဒအတိုင္း ေဆာင္႐ြက္မွာ ျဖစ္ၿပီး လုပ္ရမယ့္အဆင့္ေတြကို ပိုမိုျမန္ဆန္ေအာင္ ေဆာင္ရြက္ထားတဲ့အတြက္ ရသင့္ရထိုက္သူေတြ ႏိုင္ငံသားအျဖစ္ လ်င္လ်င္ျမန္ျမန္ ရရွိမွာ ျဖစ္တယ္လို႔ ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာပါတယ္။

ျပန္လည္ဝင္ေရာက္မယ့္ သူေတြကို စိစစ္တဲ့လုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ အဖြဲ႔ ငါးဖြဲ႕႔ခြဲ လုပ္ေဆာင္ေနၿပီး အဆင္သင့္ျဖစ္ေနေၾကာင္း၊ ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား (NV ကတ္) ကိုလည္း ေဆာင္ရြက္ထားေၾကာင္း၊ အဲဒါေတြ ေဆာင္ရြက္ၿပီးရင္ ႏိုင္ငံသားေလၽွာက္ခြင့္ရမွာ ျဖစ္ေၾကာင္း ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္ လက္ခံေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ေကာ္မတီ ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းရွိ ေနရပ္ျပန္မယ့္သူေတြကို လာမယ့္ ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ စတင္ လက္ခံမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရသင့်ရထိုက်တဲ့ နေရပ်ပြန်သူတွေ နိုင်ငံသားအဖြစ် လျင်လျင်မြန်မြန် ရရှိမယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက နေရပ်ပြန်သူတွေ နိုင်ငံသား ဖြစ်မှုကို ဥပဒေအတိုင်း ဆောင်ရွက်မှာ ဖြစ်ပြီး လုပ်ရမယ့်အဆင့်တွေကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ထားတဲ့အတွက် ရသင့်ရထိုက်သူတွေ နိုင်ငံသားအဖြစ် လျင်လျင်မြန်မြန် ရရှိမှာ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ပြန်လည်ဝင်ရောက်မယ့် သူတွေကို စိစစ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အဖွဲ့ ငါးဖွဲ့ခွဲ လုပ်ဆောင်နေပြီး အဆင်သင့်ဖြစ်နေကြောင်း၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV ကတ်) ကိုလည်း ဆောင်ရွက်ထားကြောင်း၊ အဲဒါတွေ ဆောင်ရွက်ပြီးရင် နိုင်ငံသားလျှောက်ခွင့်ရမှာ ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ နေရပ်ပြန်မယ့်သူတွေကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင် လက်ခံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)