ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအး ျပန္လည္လက္ခံေရးစခန္းေတြကို ၾကည့္႐ႈစစ္ေဆး

0
214

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးဟာ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ရွိ ေတာင္ၿပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္း၊ ငါးခူရ ျပန္လည္ လက္ခံေရးစခန္းနဲ႔ လွဖုိးေခါင္ ျပန္လည္လက္ခံေရးစခန္းတို႔မွာ ျပင္ဆင္ထားမႈေတြကို သြားေရာက္ စစ္ေဆးပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၁ ရက္ေန႔မွာ ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေတာင္ၿပိဳလက္ဝဲ ျပန္လည္ လက္ခံေရးစခန္းရွိ လူဝင္မႈႀကီးၾကပ္ေရး လုပ္ငန္းေတြ ေဆာင္ရြက္မယ့္ေနရာ၊ ေနရပ္စြန္႔ခြာသူေတြကို အေထာက္အကူျပဳ ပစၥည္းေတြ ေပးအပ္မယ့္ေနရာ၊ က်န္းမာေရး ေစာင့္ေရွာက္မႈေပးမယ့္ေနရာနဲ႔ ယာယီတည္းခိုမည့္ ေနရာေတြကိုလည္း ၾကည့္႐ႈစစ္ေဆးပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒုကၡသည္စခန္းရွိ ေနရပ္ျပန္မယ့္သူေတြကို ႏိုဝင္ဘာ ၁၅ ရက္ေန႔ကစၿပီး တစ္ရက္ကို လူ ၁၅၀ ႏႈန္းနဲ႔ လူေပါင္း ၂၂၆၀ ေက်ာ္ကို ပထမအသုတ္ အေနနဲ႔ ျပန္လည္ လက္ခံမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပြန်လည်လက်ခံရေးစခန်းတွေကို ကြည့်ရှုစစ်ဆေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည် လက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့မှာ ပြင်ဆင်ထားမှုတွေကို သွားရောက် စစ်ဆေးပါတယ်။

မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းရှိ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်မယ့်နေရာ၊ နေရပ်စွန့်ခွာသူတွေကို အထောက်အကူပြု ပစ္စည်းတွေ ပေးအပ်မယ့်နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့်နေရာနဲ့ ယာယီတည်းခိုမည့် နေရာတွေကိုလည်း ကြည့်ရှုစစ်ဆေးပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းရှိ နေရပ်ပြန်မယ့်သူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး တစ်ရက်ကို လူ ၁၅၀ နှုန်းနဲ့ လူပေါင်း ၂၂၆၀ ကျော်ကို ပထမအသုတ် အနေနဲ့ ပြန်လည် လက်ခံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)