ေဒၚလာ ၁ ဒသမ ၃ ဘီလီယံတန္ ေရနက္ဆိပ္ကမ္းေဆာက္ဖို႔ ျမန္မာနဲ႔ တ႐ုတ္ သေဘာတူ

1
1102

ရပ္ဝန္နဲ႔ ပိုးလမ္းမ စီမံကိန္းအရ ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴမွာ အေမရိကန္ ေဒၚလာ ၁ ဒသမ ၃ ဘီလီယံတန္ ေရနက္ဆိပ္ကမ္း တည္ေဆာက္ဖို႔ ျမန္မာအစိုးရနဲ႔ တ႐ုတ္အစိုးရပိုင္ ကုမၸဏီတို႔ သေဘာတူလိုက္ၿပီ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရ ကုမၸဏီ CITIC နဲ႔ ျမန္မာအစိုးရတို႔ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း တည္ေဆာက္ေရးကို ေဆြးေႏြးေနတာ ႏွစ္နဲ႔ခ်ီ ၾကာၿပီးေနာက္ အခုလို သေဘာတူညီမႈ ရလာတာ ျဖစ္ပါတယ္။ စုစုေပါင္း ေဒၚလာ ၁၀ ဘီလီယံေလာက္ ကုန္က်မ္ယ့ ေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္ တည္ေဆာက္ေရးကို CITIC က ၂၀၁၅ ခုႏွစ္မွာ တင္ဒါေအာင္ခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ ကုမၸဏီဘက္က ေရနက္ဆိပ္ကမ္း တည္ေဆာက္ေရး ကုန္က်စရိတ္ ၇၀ ရာခိုင္ႏႈန္းကို က်ခံမွာျဖစ္တယ္လို႔ ေဆာက္လုပ္ေရး သတင္းဌာန GCR က ေဖာ္ျပပါတယ္။

တ႐ုတ္အစိုးရဟာ ရပ္ဝန္နဲ႔ ပိုးလမ္းမ စီမံကိန္းအရ ပါကစၥတန္မွာလည္း ဂဝါဒါ ဆိပ္ကမ္းကို တည္ေဆာက္ေနၿပီး တ႐ုတ္ႏိုင္ငံကို ကုန္းလမ္း၊ ရထားလမ္းနဲ႔ ခ်ိတ္ဆက္မွာ ျဖစ္ပါတယ္။ မဟာဗ်ဴဟာေျမာက္ ကုန္းလမ္းနဲ႔ ဆိပ္ကမ္းေတြေၾကာင့္ တ႐ုတ္အေနနဲ႔ ေတာင္တ႐ုတ္ ပင္လယ္နဲ႔ မလကၠာ ေရလက္ၾကားအေပၚ အားကိုးေနရမႈကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန် ရေနက်ဆိပ်ကမ်းဆောက်ဖို့ မြန်မာနဲ့ တရုတ် သဘောတူ

ရပ်ဝန်နဲ့ ပိုးလမ်းမ စီမံကိန်းအရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန် ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီတို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရ ကုမ္ပဏီ CITIC နဲ့ မြန်မာအစိုးရတို့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ဆွေးနွေးနေတာ နှစ်နဲ့ချီ ကြာပြီးနောက် အခုလို သဘောတူညီမှု ရလာတာ ဖြစ်ပါတယ်။ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံလောက် ကုန်ကျမ်ယ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကို CITIC က ၂၀၁၅ ခုနှစ်မှာ တင်ဒါအောင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီဘက်က ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းကို ကျခံမှာဖြစ်တယ်လို့ ဆောက်လုပ်ရေး သတင်းဌာန GCR က ဖော်ပြပါတယ်။

တရုတ်အစိုးရဟာ ရပ်ဝန်နဲ့ ပိုးလမ်းမ စီမံကိန်းအရ ပါကစ္စတန်မှာလည်း ဂဝါဒါ ဆိပ်ကမ်းကို တည်ဆောက်နေပြီး တရုတ်နိုင်ငံကို ကုန်းလမ်း၊ ရထားလမ်းနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ကုန်းလမ်းနဲ့ ဆိပ်ကမ်းတွေကြောင့် တရုတ်အနေနဲ့ တောင်တရုတ် ပင်လယ်နဲ့ မလက္ကာ ရေလက်ကြားအပေါ် အားကိုးနေရမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.