ထိပ္သီးေဆြးေႏြးပြဲ ပုပၸားကေန ေနျပည္ေတာ္မွာ ေျပာင္းလဲ က်င္းပမယ္

0
693

ပုပၸားေဒသမွာ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ အစုိးရ၊ တပ္မေတာ္နဲ႔ တစ္နုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ေရးထုိးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ေခါင္းေဆာင္ေတြ ထိပ္သီးေဆြးေႏြးပြဲကုိ ေနျပည္ေတာ္မွာ ေျပာင္းေရႊ႕က်င္းပဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

လက္ရွိမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ရဲ႕ နုိင္ငံေရးေဆြးေႏြးမႈ အဆင့္ဆင့္မွာ ျဖစ္ေပၚေနတဲ့ တစ္ဆုိ႔မႈေတြကုိ ေက်ာ္လႊားနုိင္ေရးအတြက္ အစုိးရ၊ လႊတ္ေတာ္၊ တပ္မေတာ္နဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ေတာ္လွန္ေရး အဖြဲ႔အစညး္ေတြရဲ႕ ထိပ္သီးေခါင္းေဆာင္ေတြအၾကား အလြတ္သေဘာ ေတြ႔ဆုံေဆြးေႏြးမႈေတြ ကေနတဆင့္ ေဆြးေႏြးအေျဖရွာနုိင္ဖို႔ လာမယ့္ ေအာက္တုိဘာလ ၁၅ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပဖို႔ သေဘာတူ ဆုံးျဖတ္ေၾကာင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ (PPST) က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ ေခါင္းေဆာင္ေတြရဲ႕ PPST အစည္းအေဝးကုိ ထုိင္းနုိင္ငံ၊ ခ်င္းမုိင္ၿမိဳ႕မွာ ေအာက္တုိဘာလ ၁၀ ရက္နဲ႔ ၁၁ ရက္ေန႔အထိ ျပဳလုပ္ခဲ့ၿပီး အဲဒီကေနကတဆင့္ ထိပ္သီး ေဆြးေႏြးပြဲျပဳလုပ္ဖို႔ မႏၱေလးတုိင္း၊ ပုပြားေဒသကို အစုိးရက အဆုိျပဳထားေပမယ့္ PPST အစည္းအေဝးက ေနျပည္ေတာ္မွာ ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိပ်သီးဆွေးနွေးပွဲ ပုပ္ပားကနေ နေပြည်တော်မှာ ပြောင်းလဲ ကျင်းပမယ်

ပုပ္ပားဒေသမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစိုးရ၊ တပ်မတော်နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်မှာ ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်မှာ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေကို ကျော်လွှားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစညး်တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ကနေတဆင့် ဆွေးနွေးအဖြေရှာနိုင်ဖို့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ သဘောတူ ဆုံးဖြတ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဲဒီကနေကတဆင့် ထိပ်သီး ဆွေးနွေးပွဲပြုလုပ်ဖို့ မန္တလေးတိုင်း၊ ပုပွားဒေသကို အစိုးရက အဆိုပြုထားပေမယ့် PPST အစည်းအဝေးက နေပြည်တော်မှာ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)