ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ကုလ အထူးကိုယ္စားလွယ္တို႔ ေတြ႔ဆံုေဆြးေႏြး

0
954

ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းနဲ႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥခရစၥတင္း ရွာရနာ ဘာဂနာတို႔ မေန႔ ေအာက္တိုဘာလ ၁၁ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႔ ဆံုေဆြးေႏြးပါတယ္။

ေတြ႔ဆံုရာမွာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ရဲ႕ ေဆာင္ရြက္မႈေတြ၊ အရြယ္မေရာက္သူ ကေလးသူငယ္ေတြ စစ္မႈထမ္းေဆာင္ျခင္းနဲ႔ ပတ္သက္ၿပီး ကုလသမဂၢနဲ႔ ေနာက္ဆုံး ဆက္သြယ္ေဆာင္ရြက္မႈ အေျခအေန၊ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ ဖြံ႕ၿဖိဳးမႈတိုးတက္ေရး အေကာင္အထည္ေဖာ္မႈ အေျခအေန၊ ၂ဝ၁၇ ခုႏွစ္ ၾသဂုတ္လ ျဖစ္စဥ္ေနာက္ပိုင္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္း လုံၿခံဳေရးေဆာင္ရြက္မႈ အေျခအေနေတြကို ေဆြးေႏြးပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျဖစ္စဥ္ျဖစ္ရပ္မွန္ေတြကို ႏိုင္ငံတကာ သိရွိေအာင္ ပူးေပါင္းေဆာင္ရြက္သြားမယ့္ အေျခအေနေတြကို ျပန္လည္ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကုလ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာ ဘာဂနာတို့ မနေ့ အောက်တိုဘာလ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးပါတယ်။

တွေ့ဆုံရာမှာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေ၊ အရွယ်မရောက်သူ ကလေးသူငယ်တွေ စစ်မှုထမ်းဆောင်ခြင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နောက်ဆုံး ဆက်သွယ်ဆောင်ရွက်မှု အခြေအနေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်မှု အခြေအနေ၊ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေးဆောင်ရွက်မှု အခြေအနေတွေကို ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ဖြစ်ရပ်မှန်တွေကို နိုင်ငံတကာ သိရှိအောင် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)