မီး႐ွဴးမီးပန္း၊ ေျဗာက္အိုး က်ပ္ ၂၈ သိန္းေက်ာ္ဖိုး ဖမ္းမိ

0
929

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕မွာ မီ႐ွဴး မီးပန္းနဲ႔ ေျဗာက္အိုးေတြ စုစုေပါင္း ေငြက်ပ္ ၂၈ သိန္းေက်ာ္ဖိုး စံခ်ိန္တင္ ဖမ္းမိခဲ့ပါတယ္။

ပုသိမ္ၿမိဳ႕၊ အမွတ္ (၄) ရက္ကြက္ေန ဦးေအာင္ႏိုင္ရဲ႕ ေနျပည္ေတာ္ မွန္ဆိုင္မွာ ေျဗာက္အိုးေတြ ေရာင္းခ်ေန တယ္ဆိုတဲ့ သတင္းအရ ပုသိမ္နယ္ေျမရဲစခန္းက သြားေရာက္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ မီး႐ွဴး မီးပန္း၊ ေျဗာက္အိုး စုစုေပါင္းတန္ဖိုးေငြက်ပ္ ၂၈၈၈၅ဝဝ ခန္႔ကို သိမ္းဆည္းရမိတဲ့အတြက္ ဦးေအာင္ႏိုင္ကို ပုသိမ္နယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူထားပါတယ္။

အမ်ားျပည္သူ အထိန္႔တလန္႔ျဖစ္ေစျခင္း၊ ျပည္သူလူထုနဲ႔ ကေလးသူငယ္တို႔ ထိခိုက္အနာတရျဖစ္ေစ ႏိုင္ျခင္းတို႔ေၾကာင့္ မီး႐ွဴး မီးပန္း၊ ေျဗာက္အိုး၊ ႐ွဴးဒိုင္းေတြကို ထုတ္လုပ္ျခင္း၊ သယ္ေဆာင္ျဖန္႔ျဖဴးျခင္း၊ သိုေလွာင္ျခင္း၊ ေရာင္းခ်ျခင္း၊ ပစ္ေဖာက္ျခင္းေတြ ျပဳလုပ္ပါက တည္ဆဲဥပေဒအရ ထိေရာက္စြာ အေရးယူမယ္လို႔ ေၾကညာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မီးရှူးမီးပန်း၊ ဗြောက်အိုး ကျပ် ၂၈ သိန်းကျော်ဖိုး ဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ မီရှူး မီးပန်းနဲ့ ဗြောက်အိုးတွေ စုစုပေါင်း ငွေကျပ် ၂၈ သိန်းကျော်ဖိုး စံချိန်တင် ဖမ်းမိခဲ့ပါတယ်။

ပုသိမ်မြို့၊ အမှတ် (၄) ရက်ကွက်နေ ဦးအောင်နိုင်ရဲ့ နေပြည်တော် မှန်ဆိုင်မှာ ဗြောက်အိုးတွေ ရောင်းချနေ တယ်ဆိုတဲ့ သတင်းအရ ပုသိမ်နယ်မြေရဲစခန်းက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မီးရှူး မီးပန်း၊ ဗြောက်အိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၂၈၈၈၅ဝဝ ခန့်ကို သိမ်းဆည်းရမိတဲ့အတွက် ဦးအောင်နိုင်ကို ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

အများပြည်သူ အထိန့်တလန့်ဖြစ်စေခြင်း၊ ပြည်သူလူထုနဲ့ ကလေးသူငယ်တို့ ထိခိုက်အနာတရဖြစ်စေ နိုင်ခြင်းတို့ကြောင့် မီးရှူး မီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းတွေကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းတွေ ပြုလုပ်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)