Eleven Media ဂ်ာနယ္လစ္ေတြကို ဖမ္းဆီးမႈ PEN Myanmar ကန္႔ကြက္

0
1659

သတင္းမီဒီယာ လြတ္လပ္ခြင့္ဟာ ဒီမုိကေရစီရဲ႕ အေျခခံအက်ဆုံး က်င့္စဥ္ျဖစ္တာေၾကာင့္ Weekly Eleven ဂ်ာနယ္လစ္ သံုးဦးကုိ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ အေရးယူ ေဆာင္ရြက္တာဟာ နုိင္ငံရဲ႕ပုံရိပ္ကုိ ထိခုိက္ေစတဲ့ အေရးယူမႈျဖစ္တဲ့အတြက္ PEN Myanmar ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိတဲ့ လြတ္လပ္တဲ့ သတင္းမီဒီယာေတြရဲ႕ က်င့္ဝတ္နဲ႔အညီ ရပ္တည္နုိင္ေစဖုိ႔ ျမန္မာသတင္း မီဒီေကာင္စီကုိ သတင္းမီဒီယာ ဥပေဒနဲ႔အညီ ဖြဲ႔စည္းခဲ့ေၾကာင္း၊ အစုိးရအဖြဲ႔အေနနဲ႔ သတင္း၊ သတင္းေဆာင္းပါး ေဖာ္ျပမႈေၾကာင့္ နစ္နာတယ္လို႔ ယူဆရင္ သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၁ အရ အေရးယူေဆာင္ရြက္မႈကုိ ဦးစြာလုပ္ေဆာင္ပါက တည္ဆဲဥပေဒေတြကုိ ေလးစားလုိက္ နာတဲ့ အစုိးရေတြလို႔ ဆိုႏိုင္မွာ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ သတင္းသမားေတြကုိ ခ်က္ခ်င္းဖမ္းဆီး ခ်ဳပ္ေႏွာင္နုိင္တဲ့ ဥပေဒပုဒ္မေတြကုိ အသုံးျပဳၿပီး တရားစြဲ ဆုိတာဟာ လုပ္ထုံးလုပ္နည္းအရ မွားယြင္းေနတဲ့အျပင္ ႏိုင္ငံရဲ႕ပုံရိပ္ကုိ ထိခုိက္နစ္နာေစတဲ့အတြက္ အခုလုိ အေရးယူမႈကုိ ကန္႔ကြက္လုိက္တာ ျဖစ္တယ္လုိ႔ PEN Myanmar က ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Eleven Media ဂျာနယ်လစ်တွေကို ဖမ်းဆီးမှု PEN Myanmar ကန့်ကွက်

သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်တာကြောင့် Weekly Eleven ဂျာနယ်လစ် သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူ ဆောင်ရွက်တာဟာ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့ အရေးယူမှုဖြစ်တဲ့အတွက် PEN Myanmar ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ်နဲ့အညီ ရပ်တည်နိုင်စေဖို့ မြန်မာသတင်း မီဒီကောင်စီကို သတင်းမီဒီယာ ဥပဒေနဲ့အညီ ဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ သတင်း၊ သတင်းဆောင်းပါး ဖော်ပြမှုကြောင့် နစ်နာတယ်လို့ ယူဆရင် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၁ အရ အရေးယူဆောင်ရွက်မှုကို ဦးစွာလုပ်ဆောင်ပါက တည်ဆဲဥပဒေတွေကို လေးစားလိုက် နာတဲ့ အစိုးရတွေလို့ ဆိုနိုင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် သတင်းသမားတွေကို ချက်ချင်းဖမ်းဆီး ချုပ်နှောင်နိုင်တဲ့ ဥပဒေပုဒ်မတွေကို အသုံးပြုပြီး တရားစွဲ ဆိုတာဟာ လုပ်ထုံးလုပ်နည်းအရ မှားယွင်းနေတဲ့အပြင် နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်နစ်နာစေတဲ့အတွက် အခုလို အရေးယူမှုကို ကန့်ကွက်လိုက်တာ ဖြစ်တယ်လို့ PEN Myanmar က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)