မေလးရွားမွာ ျမန္မာသံုးဦးကို ဘိန္းစာပင္ေတြနဲ႔ ဖမ္းမိ

0
883

မေလးရွားႏိုင္ငံ၊ ကမ္ပြန္ ဘူကစ္ ပတ္ပြန္မွာ မေန႔က ေအာက္တိုဘာလ ၁၁ ရက္ေန႔က ျမန္မာသံုးဦးကို ဘိန္းစာပင္ ၂၃၃ ကီလိုဂရမ္နဲ႔အတူ ဖမ္းမိခဲ့ပါတယ္။

ဖမ္းမိတဲ့ ျမန္မာသံုးဦးမွာ တရားဝင္ အေထာက္အထား စာရြက္စာတမ္း မရွိဘူးလို႔ ပင္ဒန္ ဒိစႀတိတ္ ရဲတပ္ဖြဲ႔အႀကီးအကဲ အာရစ္ ရွမ္ ဟာမီဇက္က ေျပာပါတယ္။ ဖမ္းမိတဲ့ ဘိန္းစာပင္ေတြက မေလးရွား ရင္းဂစ္ေငြ ၆ ေထာင္ (အေမရိကန္ ေဒၚလာ) ၁၄၀၀ ေက်ာ္ဖိုး တန္ဖိုးရွိပါတယ္။

သူတို႔ ေနထိုင္တဲ့အိမ္ကို ဆက္လက္ ရွာေဖြရာမွာ ေရာင္းခ်ဖို႔ ထုတ္ပိုးထားတဲ့ ဘိန္းစာပင္အိတ္ ၂၄ အိတ္၊ အေလးခ်ိန္စက္ကိုလည္း ေတြ႔ရွိခဲ့ပါတယ္။ ျမန္မာသံုးဦးဟာ အသက္ ၂၈ ႏွစ္ကေန ၃၀ ၾကားရွိၿပီး မေလးရွားရဲေတြက စစ္ေဆးေမးျမန္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ မြန်မာသုံးဦးကို ဘိန်းစာပင်တွေနဲ့ ဖမ်းမိ

မလေးရှားနိုင်ငံ၊ ကမ်ပွန် ဘူကစ် ပတ်ပွန်မှာ မနေ့က အောက်တိုဘာလ ၁၁ ရက်နေ့က မြန်မာသုံးဦးကို ဘိန်းစာပင် ၂၃၃ ကီလိုဂရမ်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့ မြန်မာသုံးဦးမှာ တရားဝင် အထောက်အထား စာရွက်စာတမ်း မရှိဘူးလို့ ပင်ဒန် ဒိစတြိတ် ရဲတပ်ဖွဲ့အကြီးအကဲ အာရစ် ရှမ် ဟာမီဇက်က ပြောပါတယ်။ ဖမ်းမိတဲ့ ဘိန်းစာပင်တွေက မလေးရှား ရင်းဂစ်ငွေ ၆ ထောင် (အမေရိကန် ဒေါ်လာ) ၁၄၀ဝ ကျော်ဖိုး တန်ဖိုးရှိပါတယ်။

သူတို့ နေထိုင်တဲ့အိမ်ကို ဆက်လက် ရှာဖွေရာမှာ ရောင်းချဖို့ ထုတ်ပိုးထားတဲ့ ဘိန်းစာပင်အိတ် ၂၄ အိတ်၊ အလေးချိန်စက်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ မြန်မာသုံးဦးဟာ အသက် ၂၈ နှစ်ကနေ ၃၀ ကြားရှိပြီး မလေးရှားရဲတွေက စစ်ဆေးမေးမြန်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)