
0
459




…………………… ။ ။ …………………….

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လက်ထောက် ဖြစ်သူ မြန်မာနိုင်ငံကို ၄ ရက်ကြာလာမယ်
ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ကုလအတွင်းရေးမှူးချုပ်လက်ထောက် နိုင်ငံရေးရာတာဝန်ရှိသူ ဂျက်ဖရေး ဖက်တမန် မြန်မာနိုင်ငံကို လာမယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂသတင်းဌာနက ထုတ်ပြန်ပါ တယ်။

ဖက်တမန်ဟာ မြန်မာနိုင်ငံ ကို ၄ ရက်ကြာလာရောက်မှာဖြစ်ပြီး ရခိုင်အရေးနဲ့ ပတ်သက်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဖက်တမန် ဟာ အောက်တိုဘာ ၁၃ ရက်နေ့က အောက်တိုဘာ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေထိုင်သွားမှာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ရှင်းလင်းရေးနဲ့ သေဆုံးမှု ထွက်ပြေးရမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဟာ မကြာခဏဆိုသလို စစ်ဆင်ရေးရပ်ဖို့တောင်း ဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဟာ လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေကို ကန့်သတ်မှုမရှိဘဲ ခွင့်ပြုပေးဖို့နဲ့ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့အတွက် ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)